အရိပ်မထွက်ဘုရား

Listing Description

အရိပ်မထွက်ဘုရားသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီရပ်ကွက်၊ သူရဲဈေးအနီးတွင် တည်ရှိပါသည်။ဘုရားရင်ပြင်တော်အတွင်း အရှေ့မြောက်ထာင့်တွင် တည်ရှိသော ကျောက်စာအရ ပုဂံခေတ် ကျန်စစ်သားမင်း၏ ကောင်းမှုဟု သိရပါသည်။ မြန်မာ့ရှေးဘုရင်များ အဆက်ဆက်က ပြုပြင်ထိန်းသိမ်းခဲ့ကြခြင်း၊ ၁၉၉၁ ခုနှစ်မှစတင်ပြီး ဘုရားဂေါပကအဖွဲ့ဖွဲ့စည်း၍ ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သောကြောင့် ယနေ့အချိန်အထိ ကြည်ညိုသဒ္ဓါပွားများနိုင်ပါသည်။