Holy Trinity Anglican Cathedral Church

Listing Description

Holy Trinity Anglican Cathedral Church သည် အမှတ် (၄၄၆)၊ ဗိုလ်ချုပ်လမ်း နှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်ဈေး၏ အနောက်ဖက် ကပ်လျက်တွင် တည်ရှိသည့် မြန်မာနိုင်ငံ၏ အဓိကအင်္ဂလီကန်ဘုရားရှိခိုးကျောင်း ဖြစ်သည်။ ဘုရားကျောင်းကို အိန္ဒိယနိုင်ငံ မဒရပ်အခြေစိုက် ဗိသုကာပညာရှင် မစ္စတာ ရောဘတ်ဖဲလိုးချစ်ဟုမ်း (Mr. Robert Fellowes Chisholm) က ၎င်းကျွမ်းကျင်သည့် ဆိုင်းနိုင်းကျွန်းဆွယ်(Sainai)ရှိ ဂျာမန်အနွယ်ဝင် လူမျိုးတစ်မျိုး၏ ဗိသုကာလက်ရာဖြစ်သော အင်ဒိုဆာရာဆန်းနစ် (Indo-Saracenic) ဗိသုကာပညာကို အခြေခံ၍ ခေတ်ဆန်း‌ဗိသုကာလက်ရာ (Neo Gothic) နှင့် မဂိုဗိသုကာလက်ရာ (Mughal Architecture) များကို ပေါင်းစပ်ကာ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီသော ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး အိန္ဒိယဘုရင်ခံ လော့ဒပ်ဖရင့် (Lord Dufferin) မှ ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် အုတ်မြစ်ချစတင်ခဲ့ရာ ၁၈၉၄ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ဘုရားကျောင်းတည်ဆောက်ရာတွင် စုစုပေါင်းကုန်ကျစရိတ် အိန္ဒိယ ရူပီး ၇၂၀၀၀ ခန့်ကုန်ကျရာတွင် အများပြည်သူထည့်ဝင်လှူဒါန်းငွေ ရူပီး ၁၀၀၀၀ ခန့်ပါဝင်ပြီး ၈ နှစ်ကျော် ၉ နှစ်ခန့် အချိန်ယူ တည်ဆောက်ခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဘုရားဝတ်ပြုဆောင်နှင့် ပရိဘောဂများမှာ ဂျပန်တပ်ဖွဲ့များ၏ ဖျက်ဆီးခြင်းခံခဲ့ရပြီး ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှစစ်တပ်အရာရှိကြီးများမှ ပြန်လည်တည်ဆောက်ထားခဲ့ကြပါသည်။ ယနေ့ခေတ်ကာလတွင် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ တစ်ခုအဖြစ်သတ်မှတ်ထားပါသည်။