ဟာရှင်ကာဆင်ပတေးလ်ထရပ်(စ်)ဗလီ

Listing Description

ဟာရှင်ကာဆင်ပတေးလ်ထရပ်(စ်)ဗလီ (Hashim Cassim Patail Trust Mosque) သည် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း၊ အမှတ် (၆၁-၆၃) တွင်တည်ရှိသည်။ ၁၈၂၄-၁၈၂၆ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၏ ရလဒ်အနေဖြင့် မြန်မာပြည်အောက်ပိုင်းမှ ရခိုင်နှင့် တနင်္သာရီတို့ အင်္ဂလိပ်လက်အောက်သို့ကျရောက်ရာ အိန္ဒိယမှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်သူများပြား လာခဲ့သည်။ အာမက်ကာဆင်ပတေးလ် (Ahmed Cassim Patail) သည် ၁၈၃၀ ခုနှစ်ခန့်တွင် မော်လမြိုင်တွင် အခြေချနေထိုင်ခဲ့ပြီး ၁၈၅၂-၁၈၅၃ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံအောက်ပိုင်း တစ်ခုလုံး ဗြိတိသျှကိုလိုနီဖြစ်လာသောအခါ ရန်ကုန်သို့ အခြေချနေထိုင်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် အာမက်ကာဆင်ပတေးလ် (Ahmed Cassim Patail) မိသားစုမှ ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့ပါသည်။ ယနေ့ကာလတွင် ဟာရှင်ကာဆင်ပတေးလ်ထရပ်(စ်)ဗလီအား ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ထားသည်။