မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

Listing Description

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ကို ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ဟူ၍ အမည်ပြောင်းလဲခဲ့ပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်တွင် လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ် (၁၈)ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော် – ဧမာနွေလ အသင်းတော် နှင့် ယုဒသန်အသင်းတော် (၂)ပါးဖြင့် ဖွဲ့စည်းပါ၀င်ပါသည်။ အသင်းချုပ်တည်ရှိရာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၁၄၃) ရှိ အဆောက်အဦးကို ယနေ့ကာလတွင် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးအဖြစ် ပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ သာသနာ့လုပ်ငန်းများ အတွက် ဘဏ္ဍာနှင့် ပံ့ပိုးမှုများကို အဖွဲ့ချုပ်များနှင့် အသင်းတော်များ၊ မိတ်ဖက်သာသနာ အဖွဲ့အစည်းများက ပေးလှူပါ၀င်လျက် ရှိပါသည်။ ဆရာကြီးယုဒသန်နေ့ အလှူငွေနှင့် ကမ္ဘာ့ပွဲတော်နေ့ အလှူငွေများကို သာသနာပြုခြင်းနှင့် လူမှုဝန်ထမ်းခြင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုပြီး၊ ရင်းနှီးမတည်ငွေ စီမံကိန်းများနှင့် အထူးအလှူငွေများအားဖြင့် နှစ်ခြင်းသာသနာလုပ်ငန်းများကို စီမံခန့်ခွဲအကောင်အထည်ဖော်လျက် ရှိပါသည်။