သူနာပြုတက္ကသိုလ်(ရန်ကုန်)

Listing Description

သူနာပြုတက္ကသိုလ်(ရန်ကုန်သည်) အမှတ် (၆၇၇/ ၇၀၉)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်တွင် တည်ရှိပါသည်။ အကျယ်အဝန်း ၆.၉၇၁ ဧက ကျယ်ဝန်းပါသည်။ ၁၉၈၆ ခုနှစ် ဇူလိုင်လတွင် သူနာပြုသင်တန်းစင်တာ (NTC) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၁ နိုဝင်ဘာ ၅ ရက်နေ့တွင် အင်စတီကျု့အဖြစ် မြှင့်တင်ခဲ့ပြီး BNSc (Generic) နှင့် BNSc (Bridge) သင်တန်းများ စတင်ခဲ့ပါသည်။ သူနာပြုတက္ကသိုလ်တွင် တက်ရောက်သင်ကြားသူများ တိုးပွားလာသောကြောင့် လမ်းတစ်ဖက်ခြမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းကြား မြေကွက် ၈.၆၄၄ ဧကအကျယ်အဝန်း၌ ၁၉၉၆ ခုနှစ် မတ်လတွင် တိုးချဲ့အဆောင်သစ် တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၅ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် သူနာပြုတက္ကသိုလ်ကို ရန်ကုန်သူနာပြုတက္ကသိုလ်သို့ အဆင့်မြှင့်တင်ခဲ့ပါသည်။ သူနာပြုတက္ကသိုလ် (ရန်ကုန်)တွင် သူနာပြုဘွဲ့လွန်အပြင် သွားဘက်ဆိုင်ရာ ဆေးပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာဆေးပညာ၊ စိတ်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ အထူးကြပ်မတ် ပြုစုစောင့်ရှောက်မှုနှင့် အရိုးရောဂါဆေးပညာဆိုင်ရာ ဒီပလိုမာများကိုလည်း သင်ကြားပေးပါသည်။