မြင့်မြတ်

Listing Description

ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်ကို ၁၉၈၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ဦးမြင့်ကျော်နှင့် ဒေါ်မိမိခိုင်တို့မှ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မျိုးမင်းအေးဖြစ်သည်။ မောင်နှမလေးယောက်အနက် သားအကြီးဆုံးဖြစ်သည်။ အရပ် ၅ ပေ ၇ လက်မရှိသည်။

၂၀၁၇ ခုနှစ်တွင် မခင်သူသူအောင်နှင့်လက်ထပ်ပြီး သား မောင်မြတ်သူကို မွေးဖွားခဲ့သည်။ သရုပ်ဆောင်လောကကို ၂၀၀၆ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ပထမဆုံး ရိုက်ကူးခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့် “မိထွေး” ဇာတ်ကားဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သော ဇာတ်ကားမှာ “ကျောက်စက်ရေ” ဖြစ်သည်။၂၀၁၄ ခုနှစ်တွင် “ကိုတင့်တို့စူပါရပ်ကွက်” ဟာသဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် “ချစ်စံအိမ်၂၀၂၈”၊ “ခိုးဆိုးလုနှိုက်”၊ “ရာဇဝင်ရိုင်းသူများ”၊ “တောကျီးကန်း”၊ “ဓားငပြူး”၊ “ဘော်ဘော်ကထော်”၊ “ဘာလာလာ”၊ “ကျားကျားကြိုက်ကြိုက်”၊ “ခရေ”၊ “အချစ်ဆုံး crush”၊ “ရိုးမပေါ်ကျတဲ့မျက်ရည်”၊ “မိုက်မဲချစ်”၊ “မှော်ကျောက်စာ”၊ “ဘယ်ညာဘယ်ညာ” အစရှိသည့် ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သည်။

၂၀၀၉ ခုနှစ်တွင် “ကျောက်စက်ရေ” ရုပ်ရှင်ဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် “မှော်ကျောက်စာ” ရုပ်ရှင်ဖြင့်လည်းကောင်း အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “ကျွန်” ရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရရှိခဲ့သည်။

 

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-10-12 14:28:02

အချက်အလက်အမှား

ကျောက်စက်ရေ နဲ့ မှော်ကျောက်စာ ဇာတ်ကားများမှာ အကယ်ဒမီမရပါ။