ဗိဿနိုးမြို့ဟောင်း

Listing Description

ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မှ (၁၂) မိုင်အကွာ ကုက္ကိုခွကျေးရွာ၏ မြောက်ဘက်တွင်တည်ရှိပြီး ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင်ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် မှတ်တမ်းဝင်ပါသည်။ ဗိဿနိုးသည် ပန်ထွာမင်းသမီး၊ ရန်ပယ်ချောင်းနှင့် စည်တော်ကြီးတို့ကြောင့် ထင်ရှားပါသည်။ မြို့ဟောင်းသည် လေးထောင့် မကျတကျ ပုံသဏ္ဍာန်ရှိပြီး အနောက်ဘက်သို့အနည်းငယ် စောင်းနေသည်။ မြို့၏ တောင်ဘက်တွင် ရန်ပယ်ချောင်းသည် အရှေ့မှ အနောက်သို့ စီးဆင်းနေကာ အုတ်မြို့ရိုး နှင့် ရေကျုံး ပတ်လည်ဝန်းရံ ထားသည့် ဗိဿနိုးမြို့ဟောင်းသည် ဧရိယာ ၃ ဒသမ ၃ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ဗိဿနိုးမြို့ဟောင်းတူးဖော်မှုများမှ အုတ်များ၊ ပျူ ဒင်္ဂါးများ၊ အိုးများ၊ မြေမီးဖုတ်တံဆိပ်တုံးများအပါအဝင် ပျူယဉ်ကျေးမှု အထောက်အထားပစ္စည်းများကို တွေ့ရှိခဲ့ပါသည်။