ဘဲဘဲဂူဘုရား

Listing Description

ဘဲဘဲဂူဘုရားသည် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့၏အရှေ့ဘက် (၅)မိုင်ခန့်အကွာတွင်ရှိသော သရေခေတ္တရာပျူမြို့ဟောင်း၏ တောင်ဘက် ၊ ဘောဘောကြီးစေတီ၏ အရှေ့ဘက်အနီးတည်ရှိပါသည်။ သရေခေတ္တရာပျူခေတ် အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း တည်ထားခဲ့သောဂူဘုရားတစ်ဆူဖြစ်ပါသည်။ ဘဲဘဲဂူဘုရားသည် ပုဂံမြေတွင် အများအပြားတွေ့ရသော ဂူဘုရားများ၏ ရှေ့ပြေးနမူနာပုံစံဖြစ်သည်ဟုသိရပါသည်။ အလျား ၁၇ ပေ၊ အနံ ၁၆ ပေ ရှိသော လေးထောင့်ပုံစံ အဆောက်အဦးပေါ်တွင် ပစ္စယံအဆင့်များတင်ထားပြီး ထိုပစ္စယံများအထက်တွင် ကွမ်းတောင်ပေါက်ထားသည့် လေးထောင့်အုတ်ဂူဘုရားငယ်တစ်ဆူဖြစ်သည်။ လိုဏ်ဂူအတွင်း ဘူမိဖဿမုဒြာဟန် ထိုင်တော်မူရုပ်ပွားတော်ဆင်းတုတော်တစ်ဆူ၊ ရှိခိုးနေသော သာဝကနှစ်ပါးတို့ကို ကျောက်ပြားချပ်ပေါ်တွင် ထုလုပ်ထားရှိပြီး အောက်ခြေတွင် ပျူစာများရေးသားထားပါသည်။