ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်

Listing Description

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (University of West Yangon) သည်  ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် တည်ရှိပြီး (၂၄၁.၇၄) ဧက ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့်မြောက်ဘက်တွင် ဝါးတရာကျေးရွာအုပ်စု၊  အနောက်ဘက်တွင် ထိန်ကုန်းကျေးရွာအုပ်စု၊ အရှေ့တောင်ဘက်တွင် လှိုင်သာယာမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို၂၀၀၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲရေးစနစ် ကျင့်သုံးသော တက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ခဲ့ပါသည်။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အဝေးသင်ဌာနခွဲကိုလည်း ဖွင့်လှစ်ထားပါသည်။