ကုက္ကိုဝတံတား

Listing Description

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ အနီး ကုက္ကိုလ်ဝမြစ်ကို ဖြတ်သန်းကာ လမုတန်းရွာနှင့် မှော်ဘီမြို့နယ်၊ လှည်းဆိပ်ရွာတို့ကို ဆက်သွယ်ထားသော တံတားတစ်စင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။ တံတား၏ စုစုပေါင်းအရှည် ၆၉၄.၅ မီတာ (၂၂၇၉ ပေ) ရှိပြီး အကျယ် ၈.၅ မီတာ (၂၈ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ မီတာ (၃၉ ပေ) ရှိသည်။