ဘုမ္မတီးဆင်တော်ရဘုရား

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောင်ငူ - မုပ္ပလင်ကားလမ်းမှ မိုင်ဝက်ခန့်အကွာ၊ ဘုမ္မတီးတောင် (ရွှေမော်တောတောင်)ခြေအနီး၊ ဘုမ္မတီးကျေးရွာတွင် တည်ရှိပါသည်။ ဘုရားသမိုင်းအရ တောင်ငူဘုရင် မင်းကြီးညိုလက်ထက်တွင် ဤဘုမ္မတီးရွာနေရာ၌ ဆင်ဖမ်းရန်အတွက်လာစဉ် ဆင်အုပ်တစ်အုပ်တွေ့ရှိပြီး ဆင်အုပ်ထဲတွင် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ဆင်ကောင်းတစ်ကောင်ရရှိ၍ ဆင်တော်ရဘုရားနှင့် သိမ်ကိုတည်သည်ဟုဆိုသည်။ ဘုမ္မတီးတောင်၏ အရှေ့ဘက်တွင် အင်းကြီးတည်ရှိပြီး အင်းထဲ၌ ဆင်များကျက်စားသဖြင့် ဆင်ကျအင်း(ဆင်ချအင်း)ဟု ခေါ်တွင်ကြောင်း အဆိုရှိပါသည်။ ဆင်တော်ရဘုရား ပရိဝုဏ်အပြင်ဘက်တွင် အလျား ၁၈ လက်မ အနံ ၉ လက်မ ထု ၃ လက်မ အရွယ်ရှိသော အလွန်ကြီးမားခန့်ထည်လှသည့် တောင်ငူခေတ်လက်ရာ ရှေးအုတ်အချို့ကိုလည်း တွေ့မြင်နိုင်ပါသည်။