ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးက အမှုတစ်ထောင်ကျော် တိုင်ကြား

26-Nov-2020

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှု ကိုးရာနီးပါးနဲ့ ရဲစခန်းကို အမှုတစ်ရာကျော် တိုင်ကြားထားတယ်လို့ပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ဒီမနက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ရန်ကုန်ကပြည်ခိုင်ဖြိုးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့အားနည်းချက်တွေနဲ့ ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းတွေ ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဓာတ်ပုံ၊ဗီဒီယိုအထောက်အထားတွေနဲ့ပြသခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ကြံ့ခိုင်ရေးထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့အပါအဝင် မိတ်ဖက်ပါတီခေါင်းဆောင်တချို့ပါ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံနန္ဒ/ဘီဘီစီ မြန်မာပိုင်း