ရွေးကောက်ပွဲ ရလဒ် နဲ့ ကော်မရှင်ကို အယုံအကြည် မရှိကြောင်းနေပြည်တော်မှာ ဆန္ဒ ထပ်ပြ

15-Nov-2020

ရွေးကောက်ပွဲ မဲရလဒ်ကို လက်မခံတဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကို အယုံအကြည်မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တွေနဲ့ ဝန်းရံသူအင်အား တစ်ထောင်ကျော်က နေပြည်တော်က ရွှေနံ့သာ ဘောလုံးကွင်းမှာ ဒီနေ့ မနက်က ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ USDP ပါတီ ထောက်ခံသူ တချို့က မဲမသမာမှုတွေနဲ့ ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်တာတွေကို ရွေးကောက်ပွဲ ကော်မရှင်က ‌ဖြေရှင်းပေးဖို့ ဆက်လက်တောင်းဆို ဆန္ဒပြသွားမယ်လို့ ‌ပြောကြပါတယ်။

 

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။