ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေအားလျော့နည်းမှုနှင့် ခေတ္တရေပြတ်မှုဖြစ်ပေါ်မည်

18-Jan-2021

ရန်ကုန်  ဇန်နဝါရီ   ၁၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသည့် ငမိုးရိပ် ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့မှ ရေတွန်း စက်ကြီးများသို့ ဓာတ်အားပို့လွှတ်နေသော လှော်ကားပင်မဓာတ်အားခွဲရုံမှ ၃၃ကေဗွီ လှော်ကား - အထယုဓာတ်အားလိုင်း   ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက  ဇန်နဝါရီ  ၁၉  ရက် (အင်္ဂါနေ့) နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်စဉ် အဆိုပါရေတွန်းစက်ကြီးများမှ ရေပေးဝေလျက်ရှိသည့် မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ မရမ်းကုန်း၊  ဗဟန်း၊ ရန်ကင်း၊  တောင်ဥက္ကလာပ၊ ကမာရွတ်၊  သင်္ဃန်းကျွန်း၊  ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊   အရှေ့ပိုင်း၊ ဆိပ်ကမ်း) မြို့နယ်များ၊ တာမွေ (မေတ္တာညွန့်ရပ်ကွက်)၊ သာကေတ၊ ဒေါပုံ မြို့နယ်များတွင် ရေအားလျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြရန် အသိပေးနှိုဆော် ထားကြောင်း သိရသည်။

အောင်သူရ