ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းသို့ အောင်သူ ပြောင်းရွှေ့

19-Dec-2020

ရန်ကုန်   ဒီဇင်ဘာ   ၁၈

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ် ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ် သည်။

အောင်သူသည် ပြီးခဲ့သည့်နှစ်များက  ထိုင်းကလပ် အသင်းများတွင် အငှားသွားရောက်ကစားခဲ့ သော်လည်း  ယခုအခါ   ဘူရီရမ်အသင်းသို့  အပြီး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။  ရတနာပုံအသင်းနှင့် စာချုပ်တစ်နှစ် သာ ကျန်ရှိတော့သည့် အောင်သူကို  ဘူရီရမ်အသင်း က  ပြောင်းရွှေ့ကြေးပေးကာ   အပြီး သတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ဘူရီရမ် အသင်းနှင့် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ပူးပေါင်း ခဲ့ပြီး ရာသီဝက် အပြောင်းအရွှေ့ကာလ  ဖွင့်လှစ်ပြီး သည့်  ဒုတိယ အကျော့မှသာ စတင်ပါဝင်ကစားနိုင်ပြီ ဖြစ်သည်။ လက်ရှိတွင် အောင်သူသည် ဘူရီရမ် အသင်းတွင် လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်ပြီး အသင်း ၏ပွဲစဉ်များကို   လိုက်လံကြည့်ရှုလျက်ရှိသည်။ ဘူရီရမ်အသင်းသည် အောင်သူကို နှစ်နှစ်ခွဲစာချုပ်  ချုပ်ဆိုမည်ဖြစ်ကာ  လစာအပြင်  အပိုဆုကြေးများ လည်း ခံစားခွင့်ရရှိမည် ဖြစ်သည်။

အောင်သူသည် ၂၀၁၈ ရာသီတွင် ပြည်ပကလပ် အသင်းများတွင် စတင်သွားရောက်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း၊ ၂၀၁၉ ခုနှစ်တွင် ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်အသင်းတွင် ပါဝင်ကစားခဲ့သည်။

ညီမြတ်သော်တာ