ရန်ကုန်တိုင်းဒေသကြီး အများပြည်သူစုဝေးတတ်သောနေရာများကို အသွားအလာကန့်သတ်မှု တိုးမြှင့်

10-Jan-2021

ရန်ကုန် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ တားဆီးနိုင်ရေးအတွက် အများပြည်သူ စုဝေးတတ်သောနေရာများကို အသွားအလာကန့်သတ်ထားရှိရာ မူလသတ်မှတ်ထား သောရက်ထက် ဇန်နဝါရီ ၂၀ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယာယီ ပိတ်ထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင်နေထိုင်ခြင်းအစီ အစဉ်သတ်မှတ်ထားသည့် မြို့နယ်များ အတွင်းရှိ ပြည်သူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိဘဲ ပြင်ပတွင် သွားလာ နေကြသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို တားဆီး၊ ကာကွယ်နိုင်ရန် အများပြည်သူစုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံများနှင့် အားကစားကွင်းများအားလုံးကို ဒီဇင်ဘာ ၂၁ ရက်မှ စ၍ ယာယီပိတ်ထားသည်။

ထိုသို့ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ယာယီအသွား အလာကန့်သတ်ထားမှုကို ခရစ္စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ဒီဇင်ဘာ ၃၁ ရက်အထိ မူလက သတ်မှတ် ထားပြီး ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက် ရန် လိုအပ်သဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ ရက် ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ကာ ယခုအခါ ဇန်နဝါရီ ၂၀ ရက်အထိ ယာယီပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)