ကန့်ကွက်ဆန္ဒပြမှုများ ပျံ့နှံ့လာသည့်အတွက် ပီရူးကြားဖြတ်သမ္မတ ရာထူးမှနုတ်ထွက်

17-Nov-2020

လီမာ နိုဝင်ဘာ ၁၆

ပီရူးကြားဖြတ်သမ္မတ မန်နျူရယ်မရင်နိုသည်  နိုဝင်ဘာ ၁၀ ရက်က သမ္မတဟောင်း မာတင်ဗစ်ကာရာအား ရာထူးမှ ဖြုတ်ချပြီး  သမ္မတအဖြစ်  တာဝန်ယူခဲ့ပြီးနောက်  နိုင်ငံ တစ်ဝန်း ၎င်းကို ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာ ခဲ့သည်။

နိုင်ငံတစ်ဝန်းပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများကြောင့် နိုဝင်ဘာ ၁၅ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း တင်သွင်းခဲ့သည်။

အပြောင်းအလဲမရှိ   ရာထူးမှ နုတ်ထွက်ကြောင်းကို ပြည်သူများအား   အသိပေးခဲ့ပြီး    ပီရူးနိုင်ငံသားများ၏ တည်ငြိမ်အေးချမ်းမှုကို  တောင်းဆိုကြောင်း  ရင်နိုက ရုပ်သံမိန့်ခွန်းမှတစ်ဆင့် တစ်နိုင်ငံလုံးကို ပြောကြားခဲ့သည်။ ပီရူးလွှတ်တော်တွင်    အကျပ်အတည်းနှင့် ရင်ဆိုင်ရပြီး ဆန္ဒပြမှုများ ပေါ်ပေါက်နေသည့်အတွက် ၎င်းကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုပြီးနောက် ယခုလို နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သမ္မတဟောင်း မာတင်ဗစ်ကာရာ  မော့ကွီဂွါပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ်  တာဝန်ယူစဉ်ကာလက လာဘ်ပေးလာဘ်ယူမှုကို အကြောင်းပြကာ နိုဝင်ဘာ ၉ ရက်တွင် ရာထူးမှဖြုတ်ချခံခဲ့ ရသည်။

ဆယ်စုနှစ်အတွင်း   အကြီးဆုံးဆန္ဒပြပွဲကြီး  ပီရူး နိုင်ငံတွင် ပေါ်ပေါက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြလာကြသည်။ တစ်ပတ် ကြာဆန္ဒပြပွဲအတွင်း လူပေါင်း ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၄၁ ဦးမှာ  ပျောက်ဆုံးနေဆဲဖြစ်သည်ဟု  ပီရူးနိုင်ငံ ၏  အမျိုးသားလူ့အခွင့်အရေးညှိနှိုင်းရေးမှူးက ပြောသည်။ လူကိုးဦးထက်မနည်း သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

ဆင်ဟွာ