ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲရလဒ်

10-Nov-2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးက ခိုင်လုံမဲ ၇၇၀၀၀ ကျော်မှာ ခိုင်လုံမဲ ၆ သောင်းခွဲ နီးပါးနဲ့ ပြည်သူ့လွှတ်တော်‌နေရာ အတွက်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီမနက်ထုတ်ပြန်တဲ့ အနိုင်ရကိုယ်စားလှယ်လောင်း စာရင်းအရ သိရှိရတာဖြစ်ပါတယ်။

ဒုတိယမဲ အများဆုံး ရရှိသူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးက မဲ တစ်သောင်းတစ်ထောင်ကျော် ရရှိခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLDအမတ်ဟောင်း ဦးဒေးဗစ်လှမြင့်က ၁၆၉ မဲသာ ရရှိခဲ့ပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ရင်ဆိုင်ရင်း အချုပ်ကျနေတဲ့ ဦးဌေးအောင်က ၃၅ မဲ ရရှိခဲ့ပါတယ်။

ကော့မှူးရဲ့ ရန်ကုန်တိုင်းလွှတ်တော် အမှတ် ၁ နဲ့ အမှတ် ၂ မဲဆန္ဒနယ်တွေမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်တွေပဲ အနိုင်ရရှိခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း

 

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

 

ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်တယ်လို့ ကော်မရှင်အတည်ပြု