ရန်ကုန်စည်ပင် နယ်နိမိတ်မြို့နယ်များတွင် Mobile Market ဖြင့် စားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချပေးသွားမည်

10-Nov-2020

ရန်ကုန်   နိုဝင်ဘာ ၉

ကိုဗစ်-၁၉  ရောဂါကာလတွင် ရန်ကုန် တိုင်းဒေသကြီး       အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့်   ရန်ကုန်မြို့တော် စည်ပင်သာယာရေး    ကော်မတီနှင့် ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်တို့     ပူးပေါင်း၍ ရန်ကုန်မြို့  စည်ပင်နယ်နိမိတ်အတွင်း ရှိ    မြို့နယ်များမှ    ပြည်သူများ  လတ်ဆတ်သက်သာစွာ     ဝယ်ယူ စားသုံးနိုင်ရန်    Mobile Market ဖြင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့်စားသောက်ကုန်တို့ကို        ယနေ့ တွင်  ဆက်လက်ရောင်းချပေးလျက် ရှိသည်။

ရောင်းချသော စားသောက်ကုန် များမှာ  ကြက်သား၊   ဆိတ်သား၊  အမဲသား ၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ ကြက်ဥချောင်း၊     ဝက်ဥချောင်း၊ စားသောက်ကုန်     ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်တို့ကို     မြို့နယ် အလိုက်အလှည့်ကျ   ရောင်းချပေး လျက်ရှိပြီး    ကိုဗစ်-၁၉   ကာလ အတွင်း     ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  ပြည်သူများ  လတ်ဆတ် သောစားသောက်ကုန်များ စားသုံးနိုင် ရန်နှင့်   ဈေးများသို့   သွားရောက် ဝယ်ယူမှု       လျှော့ချနိုင်စေရန်   အောက်တိုဘာ   ၂၆    ရက်မှ စတင် ရောင်းချပေးခြင်းဖြစ်ရာ    နိုဝင်ဘာ ၁၀ ရက်၌   အရှေ့ပိုင်းခရိုင်တွင် မြောက်ဒဂုံမြို့နယ်ရှိ မဟာမြိုင်အိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ်တွင်    (၈)  ရပ်ကွက်ရှိ    ဝဇီရာ   ၄  လမ်းနှင့်  ၅ လမ်းကြားတို့တွင်   လည်းကောင်း၊ အနောက်ပိုင်းခရိုင်၌ ကျောက်တံတား မြို့နယ်ရှိ အနော်ရထာလမ်း တောင်ဘက်ခြမ်း၊ ၃၄ လမ်းနှင့် ၃၆ လမ်းကြား၊    စမ်းချောင်းမြို့နယ်ရှိ ဗဟိုလမ်း (အမှတ်-၄) အထက်တန်း ကျောင်းရှေ့နှင့် (အမှတ်- ၃) အထက် တန် ကျောင်းရှေ့တွင်   လည်းကောင်း၊ တောင်ပိုင်းခရိုင်၌ တာမွေမြို့နယ်တွင် မအူကုန်းလမ်းကျယ် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးရှေ့၊ အောင်မင်္ဂလာရပ်ကွက် ရှိ  နှင်းဆီလမ်းနှင့် စပယ်လမ်းထောင့်၊ မေတ္တာညွန့်ရပ်ကွက်ရှိ  ရာဇသင်္ကြန်လမ်းနှင့်  မာလာနွယ် လမ်းထောင့်တွင် လည်းကောင်း၊  မြောက်ပိုင်းခရိုင်၌ ကမာရွတ်မြို့နယ် (၆) ရပ်ကွက်ရှိ ပြည်ရိပ်မွန်အိမ်ရာ၊ နာနတ်တော လမ်းနှင့်   လှည်းတန်းလမ်းထောင့် တို့တွင်  ဆက်လက်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

သန်းထိုက်