ဂျေးဘိုင်ဒင်မှာ အိမ်ဖြူတော်ပြင်ပတွင် ပရော်ဖက်ရှင်နယ်တာဝန်ကို ထမ်းဆောင်မည့် ပထမဆုံး အမေရိကန်သမ္မတကတော် ဖြစ်လာမည်

10-Nov-2020

ဗာဂျီးနီးယား နိုဝင်ဘာ ၉

ဂျေးဘိုင်ဒင်မှာ အမေရိကန်ပြည်ထောင်စု၏ ၄၆ ဦးမြောက် သမ္မတကတော်ဖြစ်လာမည်ဖြစ် သော်လည်း ၎င်း၏ မူရင်း အလုပ်အကိုင်ဖြစ် သည့် သင်ကြားရေးကို ဆက်လက်ထမ်းဆောင် မည်ဖြစ်သဖြင့် အမေရိကန်သမ္မတကတော် များထဲတွင် အိမ်ဖြူတော်ပြင်ပတွင် ပရော်ဖက်ရှင်နယ် တာဝန်ကို ထမ်းဆောင်မည့် ပထမဆုံးသမ္မတကတော် ဖြစ်လာမည်ဖြစ်သည်။

ဒေါက်တာဂျေးဘိုင်ဒင်မှာ မြောက်ဗာဂျီးနီးယားကွန်မြူနတီကောလိပ်၏ အင်္ဂလိပ်စာ ဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် နေပြီး ခင်ပွန်းဖြစ်သူ ဂျိုးဘိုင်ဒင်မှာ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သော်လည်း ၎င်း၏ မူရင်းအလုပ် ကို စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း အတည် ပြုခဲ့သည်။ ဂျေးက “အိမ်ဖြူတော်ကိုရောက် မယ့် အချိန်ကာလတွေမှာလည်း ကျွန်မရဲ့ စာသင်ကြားခြင်းအလုပ်ကို ရပ်နားမှာမဟုတ် ပါဘူး။ ကျွန်မက ပြည်သူတွေဘက်က ဆရာတွေကို လေးစားတာ၊ သူတို့ရဲ့ ဖြန့်ဖြူး ပေးနိုင်တဲ့ ဗဟုသုတတွေကို ယုံကြည်တာမျိုး ကို တန်ဖိုးထားသူပါ” ဟု ပြောကြားခဲ့သည်။

ပါရဂူဘွဲ့ရရှိသည့်

ပထမဆုံးသမ္မတကတော်ဖြစ်

ဂျေးသည် အမေရိကန်သမ္မတကတော် များထဲတွင် ပါရဂူဘွဲ့ရရှိသည့် တစ်ဦးတည်း သော အမျိုးသမီးဖြစ်သည့်အပြင် အိမ်ဖြူတော် ပြင်ပ၌ ဝင်ငွေရရှိသည့် အလုပ်ကိုလုပ်ဆောင် မည့် ပထမဆုံး သမ္မတကတော်ဖြစ်လာမည် ဖြစ်ကြောင်း အမေရိကန်သမ္မတကတော်များကို သမိုင်းဘာသာ သင်ကြားပေးရသူ အိုဟိုင်းအိုး တက္ကသိုလ်မှ ပါမောက္ခ ဂျီလက်ဆန်က ဆိုသည်။ သမ္မတကတော်တစ်ဦးအနေဖြင့် အိမ်ဖြူတော် ပြင်ပ ပရော်ဖက်ရှင်နယ်တာဝန် ဆက်လက် လုပ်ကိုင်ခြင်းသည် နှစ်ပေါင်း ၂၃၁ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ဂျေးဘိုင်ဒင်က ၎င်းအနေဖြင့် ရွှေ့ပြောင်း အခြေချသူများကို အဓိကထားသင်ကြားပေး ရပြီး အဆိုပါပုဂ္ဂိုလ်များ၏ ဘဝဇာတ်ကြောင်းကို နားထောင်ရသည်ကိုလည်း သဘောကျ နှစ်ခြိုက်ကြောင်း ပြောကြားခဲ့သည်။ နိုဝင်ဘာ ၈ရက်တွင် ဂျေးဘိုင်ဒင်က ခင်ပွန်း ဂျိုးဘိုင်ဒင် ၏အောင်မြင်မှုကို “သူက အမေရိကန် မိသားစု တွေအားလုံးရဲ့ သမ္မတဖြစ်လာမှာပါ” ဟု တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားဂုဏ်ပြု ခဲ့သည်။

ကိုးကား-စီဘီအက်စ်

ဘာသာပြန်-မေလဲ့သင်း