သွားတော်ဓါတ် ၃၃ ဆူ

28-Dec-2021

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်  ဂဝံမ္ပတိမဟာထေရ်သည် မြတ်စွာဘုရားမိန့်မှာထားသည်အတိုင်း သွားတော်ဓါတ် ၃၃ ဆူကို ရာမညတိုင်း သထုံပြည်၌ပင့်ဆောင်လာသည်။ထိုအခါ သွားတော်ဓါတ် ၃၃ ဆူကို ကျောက်စေတီများတည်ထားလေသည်။ ကာလကြာမြင့်လာ၍ ဓါတ်တော်များကို သိသူမရှိသဖြင့် တောအတွင်း၌ပျောက်ကွယ်တော်မူသည်။  မြတ်စွာဘုရားပရိနိဗ္ဗာန် ပြုသည်မှ နောက် နှစ်နှစ်ရာ့သုံးဆယ့်ခြောက်နှစ် ( သာသနာနှစ် ၂၃၆ ) လွန်မြောက်ပြီးနောက် သောဏထေရ် နှင့် ဥတ္တရမဟာထေရ် နောက်လိုက် တပည့်သုံးယောက် ရာမညတိုင်း သာသနာပြု ကြွတော်မူသည်။ ထိုအခါ ဂဝံပတိပင့်ဆောင်လာသည့် သွားတော်ဓါတ် ၃၃ ဆူကို အရှင်မြတ် နှစ်ပါးနှင့်တပည့်များ ရှာဖွေပြီးနောက်  မွန်တိုင်းမှာ အုပ်ချူပ်သော သိရိမာသောကရာဇာမင်း နှင့် မွန်တိုင်း၌ နေကြသော လူအပေါင်းတို့လည်းကောင်းလာရောက် ရှိခိုးပူဇော်ကြကုန်သည်။ နောက် သွားတော်ဓါတ် ၃၃ ဆူကို ရာမညတိုင်း ၃၃ အရပ် ၃၃ ဌာန၌ စေတီတည်ထားလေသည်။ ( သွားတော်ဓါတ် ၃၃ ဆူကျောက်စာ ) နောက် စေတိယပကာသနီကျမ်း စာမျက်နှာ ၂၃၂ မှာ ရာမညတိုင်း မွန်သုံးရပ် ဟံသာဝတီ ၁၁ ဌာန ပုသိမ် ၁၁ ဌာန မုတ္တမ ၁၁ ဌာန ကိန်းဝပ်တော်မူသည်။  ဂဝံပတိပင့်ဆောင်လာသည့် သွားတော်ဓာတ်များကို နောက်လူများ သိရှိရန် မွန်မှတ်တမ်းလာသည့်အတိုင်းဖေါ်ပြပေးပါမည်။
၁ ။ ကျာ်တြဲဗုဒ္ဓရုပ်  -   ရွှေစာရံစေတီ  ။ သထုံ
၂ ။  ကျာ်က္လံဗန်လစိုဟ်  -   ကလွန်ဗွန်စေတီ  ။  သထုံ 
၃ ။  ကျာ်ပတှေ်   -    ကျိုက်ပတဲ ။ သုဝဏ္ဏဘူမိ 
၄ ။  ကျာ်မုဟ်ဇုက်ဂ္နု    -  ကျိုက်ဇုက်သုတ်ဘုရား ။ သုဝဏ္ဏဘူမိ 
၅ ။  ကျာ်မုဟ်ပ္လန်  -  မူပွန်းဘုရား  ။  မော်လမြိုင်
၆  ။ ကျာ်သာန်လာန်  -  ကျိုက်သံလန်   ။  မော်လမြိုင် 
၇ ။  ကျာ်မုဟ်အနာင်   -   မူနိင်ဘုရား  ။ ဘီလူကျွန်း
၈ ။ ကျာ်ဂလာဗျူ   - ကျိုက်တ'   ။ တိုက်ကုလား သုဝဏ္ဏဘူမိ 
၉ ။  ကျာ်ကိလာသ  -  ကျိုက်ထီးဆောင်း  ။ သုဝဏ္ဏဘူမိ မြို့ရိုပြတ်ရွာ
၁၀ ။  ကျာ်နိရကံဂု်ံ   -  ကျိုက်နိရကာဂို  ။ သာကရမြို့ ဟောင်း ထာဝယ် 
၁၁  ။  ကျိုက်က္လံဗန်   -  ကျိုက်ကလွန်ဗွန်  ။ စစ်တောင်း
၁၂ ။  ကျာ်အသး   - ကျိုက္ကသာ  ။ ကျိုက္ကသာမြို့ဟောင်း   ကျိုက်ထိုမြို့ 
၁၃ ။  ကျာ်မုဟ်ညာတ်  - ကျိုက်မူညက်  ။ အင်တကှ်  လှာဂူ  ။  အင်းတိုင်ကော် လှည်ကူးနယ် 
၁၄  ။  ကျုာ်မုဟ်တနုင်    -  ကျာ်မကော်  ။ ပဲခူးတိုင်း ကဝမြို့
၁၅ ။ ကျာ်ရာဲမန်  -  ရဲမွန်ဘုရား   ။ လှည်ကူးနယ်
၁၆ ။  ကျာ်မုဟ်တ'  -  ရွှေမောဓောဘုရား ။ ပဲခူး
၁၇ ။ ကျာ်အသုက်  -  ကျိုက်အသုက်  ဆူးလေးဘုရား  ။  ရန်ကုန်ုမြို့လယ်
၁၈ ။  ကျာ်စလန်   -  ကျိုက်စလွန်ထော်  ။ မှော်ဘီ ထောက်ကြံနယ်
၁၉ ။  ကျာ်မုဟ်ဒု်ံ   -  ကျိုက်မူဒေ   ။  ရန်ကုန် 
၂၀  ။  ကျာ်မုဟ်သမိင်   -  ကျိုက်မူသမိန်  ။  တွံတေး ဒလနယ် 
၂၁  ။  ဘုတ်အလုံဓါတ်  -  ဓါတ်ပေါင်စုံသိမ်  ( စေတီမဟုတ် သိမ်တော်၌ဌာပနာထားသည် )  ။ တွံတေးဒလနယ်
၂၂  ။  ကျာ်ခုတ်  -  ကျိုက်ခေါက်ဘုရား ။  သန်လျှင်
၂၃  ။ ကျာ်ဂနုက်   -  ကျိုက်ဓနုဘုရား  ။  သန်လျှင်
၂၄ ။  ကျာ်မုဟ်ခိုင်  - မူခိုင်ဘုရား ။ ပဲခူး
၂၅ ။  ကျိုက်မုဟ်စလ'  -  ကျိုက်မူခလ  ။ ကောလိယ
၂၆   ။ ကျာ်မုဟ်ဓ'   - ရွှေမုဋ္ဌော  ။ ပုသိမ် 
၂၇  ။  ကျာ်တင္ဋု   -  ကျိုက်တငူ ။  ဧရာဝတီတိုင်း အင်္ဂပူမြို့ 
၂၈ ။  ကျာ်င္ဋဲု   -  ကျိုက်ငေါ် ။  ဧရာဝတီတိုင်း အင်္ဂပူမြို့ ကွင်းကောက်ရွာအနာ 
၂၉  ။  ကျာ်သ္ဋ´သိ  -  ကျိုက်တငေါ်သိ  ။ ဧရာဝတီတိုင်း  မြောင်မြမြို့ဟောင်း
၃၀ ။  ကျာ်ကု်ံ  =  ကျိုက်ကော်ဘုရား  ။ မွန်ပြည်နယ် ကျိုကောမြို့
၃၁ ။  ကျာ်ဂွံ  -  ကျာ်ကေ 
၃၂ ။ ကျုာ်က္လံဗန် -  မြသိန်းတန် ။ မုတ္တမ
၃၃ ။  ကျာ်မုဟ်ဍဟ်   -   ကျိုက်မူဘုရားများဖြစ်သည်။
(  မှတ်ချက် ။ ။ ယခုစေတီတည်ရှိသည့်အရပ်ဒေသမှာ  ကလျာဏီသိမ်တော်စရင် ၌လဲကြည့်ရှုနိင်ပါသည်။ )

Crd : KoBanyar