စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်( ၂၇/၂၀၂၀ )

14-Sep-2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ်( ၂၇/၂၀၂၀ )

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက် )

စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ တိုင်းဒေသကြီးပြင်ပသို့သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများ သိရှိလိုက်နာရန် အသိပေးကြေညာချက်

၁။        ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ဒုတိယလပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှု ဟု သုံးသပ် ရသော coVID-19 ရောဂါ အတည်ပြုလူနာများတွေ့ရှိခဲ့ရပြီး ၎င်းတို့မှ ဆင့်ပွားကူးစက် သူ အချို့သည် အခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ရောဂါဖြစ်ပွားလျက် ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ရောဂါဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

၂။         ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ်(၉၇/၂၀၂၀)အရ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များအားလုံး နှင့် coronavirus Disease 2019(covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ (၁၀-၉-၂၀၂၀)ရက်စွဲပါစာအမှတ်၊ ၂၂၅၉/၂၆၄/COVID-19 ကော်မတီ(၂၀၂၀)အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၃။        ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အမိန့်အမှတ်(၁၀၁/၂၀၂၀)ဖြင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကျန်းမာရေးစံ လုပ်ငန်းလမ်းညွှန် (SOP)နှင့်အညီ နေရာအနေအထား၊ အကျယ်အဝန်းပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ဦးထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း ကိစ္စရပ် ကို လိုက်နာဆောင်ရွက်ရန် ထပ်မံဖြည့်စွက်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၄။        စစ်ကိုင်းတိုင်းဒေသကြီးတွင် Coronavirus Disease 2015 (coVID-19)ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များသို့ သွားရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများအား အောက်ပါအချက်များကို စိစစ် ဆောင်ရွက်ပြီးမှသာ သက်ဆိုင်ရာဒေသသို့ သွားရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်-

(က) နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင်အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များမှ လာရောက်ကြသူများ

(၁) မည်သည့်အကြောင်းကိစ္စဖြင့် လာရောက်သည်ဖြစ်စေ မိမိနေထိုင်ရာ မြို့နယ်/ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် နေထိုင်ကြောင်း ထောက်ခံစာ ယူဆောင်လာရန်၊

(၂)       တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူ၏ ခွင့်ပြုချက်မပါရှိဘဲ လာရောက် ပါက သို့မဟုတ် လာရောက်ရန် ခေါ်ယူကြောင်း အကြောင်းကြားစာ ပြသနိုင်ခြင်းမရှိဘဲ လာရောက်ပါက တိုင်းဒေသကြီးမှ ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် (၁၄)ရက် နေထိုင်၍ Quarantine ကာလအတွင်း ဓါတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေးမှု ကိုခံယူကာ ဓါတ်ခွဲအတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine သို့မဟုတ် Community Based Facility Quarantine နေရာတွင် (၇)ရက် နေထိုင်ပြီးမှသာ သက်ဆိုင်ရာဒေသသို့ သွားရောက်ရန်၊

(၃)       နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စစ်ကိုင်းတိုင်း ဒေသကြီးသို့ လာရောက်ရန် အကြောင်းကြားစာရရှိသူများအနေဖြင့် သတ်မှတ်ထားသော Community Based Facility Quarantine နေရာ တွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက်မြောက် နေ့တွင်လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့သွားရောက်ရန်၊

(၄)       နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သော်လည်း ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ 3264G Doposconicus Community Based Facility Quarantine နေရာတွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင်လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့ သွားရောက်ရန်၊

(၅)       နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သော်လည်း တာဝန်ထမ်းဆောင်ရန် မြို့နယ်ပြင်ပသို့ သွားလာခွင့်ရှိသည့် အဖွဲ့အစည်း များနှင့် ကုမ္ပဏီများမှ ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းများဆောင်ရွက်ရန် လာရောက် လိုပါက သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင်လည်းကောင်း၊ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့ သွားရောက်ရန်၊

(၆)       ရောဂါဖြစ်ပွားနေသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဖြစ်သော်လည်း ရောဂါကူးစက်ခံရမှု မရှိသေးသော မြို့နယ်များမှ လာရောက်လိုသူများ၊ ရောဂါဖြစ်ပွားခြင်း မရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ လာရောက်လိုသူများအနေဖြင့် သတ်မှတ် ထားသည့် Community Based Facility Quarantine နေရာတွင် နေထိုင်၍ ရောက်ရှိသည့် နောက်တစ်ရက်တွင် နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့ သွားရောက်ရန်။

(၇)       သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ချက်ချင်းပို့ဆောင်ပြီး လိုအပ်သော ဆေးကုသမှုခံယူရန်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးမှ နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ် ထားသည့် မြို့နယ်များသို့ သွားရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာကြသူများ

(၁)       စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာပါက မည်သည့် မြို့နယ်များသို့ သွားရောက်ခဲ့သည်ကို အထောက်အထားဖြင့် တင်ပြရန်၊

(၂)        မည်သည့်မြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း အထောက်အထား ခိုင်လုံစွာ မတင်ပြနိုင်သူများ၊ နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသော မြို့နယ်များသို့ သွားရောက်ခဲ့သူများကို စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် (၁၄)ရက် နေထိုင်၍ Quarantine ကာလအတွင်း ဓါတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေးမှုခံယူကာ ရောဂါပိုးမတွေ့ရှိပါက Home Quarantine (၇)ရက် နေထိုင်ပြီးမှသာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမြို့နယ်ရှိ နေရပ်သို့ သွားရောက်ရန်၊

(၃)       ရောဂါဖြစ်ပွားနေသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဖြစ်သော်လည်း ရောဂါကူးစက်ခံရမှု မရှိသေးသော မြို့နယ်များမှ ပြန်လာသူများ၊ ရောဂါဖြစ်ပွားခြင်း မရှိသေးသော တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်များမှ ပြန်လာသူများအနေဖြင့် သတ်မှတ်ထားသည့် Community Based Facility Quarantine epope crooes ရောက်ရှိသည့်နေ့ နောက်တစ်ရက်တွင် နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ နေရာဒေသသို့ သွားရောက်ရန်၊

(၄)       သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ချက်ချင်းပို့ဆောင်ပြီး လိုအပ်သော ဆေးကုသမှုခံယူရန်။

၅။      နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင်အကျုံးဝင်ကြောင်း သတ်မှတ် ထားသည့် မြို့နယ်များမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်သူများအနေဖြင့် မည်သူမဆို ဓာတ်ခွဲစစ်ဆေးရာ၌ ကုန်ကျမည့် စရိတ်အားလည်းကောင်း၊ Community Based Facility Quarantine ဝင်ရောက်နေစဉ် ကုန်ကျစရိတ်အားလည်းကောင်း ကာယကံရှင်မှ ကျခံရမည်ဖြစ်ပါသည်။

၆။        နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးမဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှု ခံယူစေကာ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံတွင် လိုအပ်သောဆေးကုသမှု ခံယူရန်ဖြစ်ပါသည်။

၇။        နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးမဝင်သော မြို့နယ် များမှ ပြန်လာသူများ၊ ရောဂါဖြစ်ပွားခြင်းမရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ပြန်လာသူများအနေဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူစေကာ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံတွင် လိုအပ်သော ဆေးကုသမှုခံယူရန်ဖြစ်ပါသည်။

၈။        နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးမဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များမှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များနှင့် လူပုဂ္ဂိုလ်များအနေဖြင့် စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးမှုခံယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (ကလေးမြို့မပါ)ညအိပ်ရပ်နားခြင်းမပြုဘဲ ဖြတ်သန်းသွားရန် ဖြစ်ပါ သည်။

၉။      အထက်ပါကြေညာချက်များအား အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း တင်ပြရန် ငြင်းဆန်သူများနှင့် နေရပ်လိမ်လည် ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့်နေရာများ မမှန်မကန်ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၀။      သို့ဖြစ်ပါ၍ ဤအသိပေးကြေညာချက်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်ထိ ဤအသိပေး ကြေညာချက်သည် အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

 

 

(ပုံ)ဒေါက်တာမြင့်နိုင်

ဝန်ကြီးချုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့