ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ကြက်ခြေနီကဒုတိယအကြိမ် လူမှုကရုဏာအကူအညီများ သွားရောက်ပေးအပ်

12-Dec-2020

ရန်ကုန် ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ တိုက်ပွဲ ရှောင်ပြည်သူများအတွက် ရေ၊ ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့် ဆောင်းရာသီ အသုံးအဆောင် ပစ္စည်းများ ဖြန့်ဝေခြင်းနှင့် လိုအပ် သည့် လူမှုကရုဏာ အထောက်အပံ့ များကို ဆမီးမြို့သို့ နိုဝင်ဘာ ၁၇ ရက် မှ ဒီဇင်ဘာ ၇ ရက်အထိ သွားရောက် ကာ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ရာတွင် တိုက်ပွဲရှောင် စခန်း ခြောက်ခု အိမ်ထောင်စု ၈၃၀ လူဦးရေ ၃၄၀၀ ကျော်တို့အတွက် ဂါလန် ၁၀၀၀ ဆံ့ ရေစည် ၁၁ လုံး၊ PE ပိုက်ခွေ ၄၀၊ ရေစုပ်စက် ခြောက်ခု၊ တာပေါ်လင် ၁၀ ချပ်၊ Life Straw သောက်ရေစစ်အိုး ၅၆ လုံး၊ ဆပ်ပြာခဲ၊ ရေထည့်ဘူးနှင့် လက်ဆေးဘေစင် ၃၂ စုံ၊ ဘီးတပ်အမှိုက်ပုံး ၂၃ ခု၊ နှင့် ဆမီး တိုက်နယ်ဆေးရုံသို့ ဂါလန် ၁၀၀၀ ဆံ့ ရေစည်၊ ဘီးတပ်အမှိုက်ပုံးနှင့် လက်ဆေးဘေစင် တစ်ခုစီတို့အား ဖြန့်ဝေခဲ့သည်။ ထို့ပြင် တိုက်ပွဲရှောင် အိမ်ထောင်စု တစ်စုလျှင် ဆောင်းရာသီ သုံးပစ္စည်းများဖြစ်သည့် စောင် နှစ်ထည်၊ မွေ့ရာ နှစ်ခုနှင့် အနွေးထည် ၂၈ ထည် တို့အား ပေးအပ်ခဲ့သည်။

ဒုတိယအကြိမ်မြောက်ဖြစ်

ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ ယခု ထောက်ပံ့ပေးအပ်မှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ယခုနှစ် မေလ အတွင်းကလည်း အိမ်ထောင်စုပေါင်း ၇၂၈ စု လူဦးရေ ၂၉၇၅ ဦးအတွက် အစားအစာ၊ တစ်ကိုယ်ရေသန့်ရှင်း ရေးသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ ခြင်ထောင်၊ အိမ်ဆောက်အထောက် အကူပြုပစ္စည်း၊ တာပေါ်လင်စနှင့် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် များကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဝင်းအောင်(MRCS)