ဇီးရိုးမိုင်မှာ အိမ်စီးကားတွေကို ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ မစစ်ဆေး

10-Jan-2021

ရန်ကုန်မြို့အဝင်အထွက် အမြန်လမ်း ဇီးရိုးမိုင်က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်မှာ အိမ်စီးကားတွေနဲ့ သွားလာသူတွေကို ပိုး ရှိ၊ မရှိ မစစ်ဆေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က RFA ကို ပြောပါတယ်။

ကုန်ကားတွေနဲ့ ဆီဘောက်ဆာကားတွေက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုသာ အဲဒီဂိတ်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပြီး အိမ်စီးကားတွေကိုတော့ ကျန်းမာရေးဌာနက စစ်ဆေးခွင့် လမ်းညွှန်ချက် မပေးထားဘူးလို့ ဆိုပါတယ်။ ဇီးရိုးမိုင်က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ လလယ်လောက်က စတင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဆီဘောက်ဆာကားနဲ့ ကုန်တင်ကားတွေအတွက် သီလဝါနဲ့ ရန်ကုန်မြို့ မင်းဓမ္မလမ်းက Myanmar Convention Center မှာလည်း ကျန်းမာရေးဝန်ထမ်းတွေက ပိုး ရှိ-မရှိ စစ်ဆေးပေးနေပါတယ်။

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတချို့က ခရီးသွားမယ့်သူတွေကိုလည်း MCC မှာ စစ်ဆေးပေးပါတယ်။

ပြည်တွင်း လေယာဉ်နဲ့ ခရီးသွားမယ့်သူတွေအတွက်ကိုတော့ လှိုင်သာယာက ပန်းလှိုင်ဆေးရုံနဲ့ လမ်းမတော်မြို့နယ်က N Health Myanmar ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးခွင့်ပြုထားပါတယ်။

RFA Burmese