ဆိုက်ဘာလုံခြုံရေးအေဂျင်စီအကြီးအကဲကို ရာထူးမှထုတ်ပယ်

19-Nov-2020

အမေရိကန် သမ္မတ Donald Trump အနေနဲ့၊ ရွေးကောက်ပွဲအပြီး ၂ ပတ်အကြာ၊ ရွေးကောက်ပွဲရှုံးနိမ့်ဖို့ရှိနေချိန်မှာ ဒီမဲရလဒ်တွေအမှန်အတိုင်းဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အမိမြေလုံခြုံရေးဌာန အရာရှိတစ်ဦးကို ထုတ်ပစ်လိုက်ပါတယ်။

သမ္မတ Trump က၊ ဒီရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအရှိချုပ် Christopher Krebs အနေနဲ့ အမှားအယွင်းတွေများတဲ့ ရွေးကောက်ပွဲဆိုင်ရာကြေညာချက်တွေထုတ်ခဲ့တယ်လို့ စွတ်စွဲလိုက်ပြီး၊ အခုလိုထုတ်လိုက်ကြောင်း အင်တာနက်တွစ်တာကနေ ရေးလိုက်ပါတယ်။

သမ္မတ Trump ကဆက်ပြီး၊ နိုဝင်ဘာ ၃ ရက်နေ့မှာလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ ကြီးမားတဲ့ မှားယွင်းမူကြီးနဲ့ မဲမဿမာမူကြီးဖြစ်တယ်လို့ စွတ်စွဲလိုက်ကာ၊ ရွေးကောက်ပွဲ အင်တာနက်ဆိုက်ဘာလုံခြုံရေးနဲ့ အဆောက်အအုံလုံခြုံရေးဆိုင်ရာအေဂျင်စီ ဒါရိုက်တာ Krebs ကို အခုချက်ချင်း တာဝန်ကရပ်စဲလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

သမ္မတ Trump က မဲမဿမာမူတွေရှိခဲ့တယ်လို့စစ်စွဲနေတဲ့အပေါ် ပယ်ချခဲ့တဲ့ Krebs ဖက်ကတော့၊ အင်တာနက်လူမူကွန်ယက် တွစ်တာ Account သစ်ကနေပဲ တုံ့ပြန်ခဲ့ရာမှာ၊ သူတာဝန်ထမ်းဆောင်ခဲ့ရမူအတွက် ဂုဏ်ယူပါတယ်၊ အမှန်အတိုင်းလုပ်ခဲ့တယ်၊ နက်ဖြန် မှန်ကန်သေချာအောင် ဒီနေ့ကာကွယ်ပေးကြပါ လို့ ရေးခဲ့ပါတယ်။

ခုလိုမဲမသမာမူတွေရှိနိုင်ကြောင်း ဒီရွေးကောက်ပွဲ မတိုင်ခင်နဲ့ အပြီးမှာ သမ္မတ Donald Trump ဖက်က တောက်လျှောက်စွတ်စွဲလာခဲ့ပေမဲ့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူးလို့ ရွေးကောက်ပွဲကျွမ်းကျင်သူတွေကဆိုနေချိန်မှာ၊ ပြိုင်ဖက် Joe Biden မဲဆွယ်အဖွဲ့ကလည်း ရှုံးနိမ့်မူကိုလက်မခံချင်ဘဲ၊ ခုလိုအခြေအမြစ်မရှိတဲ့ ထုတ်ပစ်မူအတွက်ကန့်ကွက်တယ်လို့ ဆိုပါတယ်။ / ခင်ဗျာ။

တကယ်တော့ ရွေးကေက်ပွဲအပြီး မကြာခင်ကပဲ၊ အမေရိကန်စစ်ဌာနချုပ်က ထိပ်တန်းအရပ်သား အရာရှိတွေကိုလည်း၊ သမ္မတ Trump နဲ့ နီးစပ်သူတွေလို့ ယူဆခံထားရသူတွေနဲ့ အစားထိုးအပြီးမှာ၊ ခုလို ထုတ်ပစ်မူဖြစ်လာတာလို့ သုံးသပ်သူတွေက ဆိုနေပါတယ် ခင်ဗျာ။

Crd VOA News