ရွေးကောက်ပွဲ အောင်မြင်မှု ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

10-Nov-2020

နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲကို ကျန်းမာရေးအရ လုံခြုံမှုရှိရှိနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ကိုဗစ်-၁၉ ရောဂါကြားထဲကနေ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင် လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အထူးပဲ ဂုဏ်ပြုပါတယ်လို့ပြောရင်းနဲ့ စချင်ပါတယ်။ အခုရွေးကောက်ပွဲမှာဆိုရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့ ၊ ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့အတွက် ကျမတို့ အင်မတန်မှ ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ရကျိုးလည်း နပ်တယ်လို့လည်း ကျမတို့က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်တယ်၊ မဲပေးကြတယ်။ အစီအစဉ်တွေကလည်း အင်မတန်မှ စနစ်ကျတယ်၊ အင်မတန်မှ ကျေနပ်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့ အသံတွေလည်း ကြားရလို့ ကျမတို့အနေနဲ့ အင်မတန်မှလည်း အားရပါတယ်။"

နိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်းပြည်ကို ပုံမှန် အစီရင်ခံတင်ပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ေ ရွးကောက်ပွဲအပြီး နောက်တရက် မိန့်ခွန်းမှာ ခုလို ပြောသွားခဲ့တာပါ။

ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကို အောင်အောင် မြင်မြင် ကျော်လွှားနိုင်ခဲ့ကြသလို၊ ကိုဗစ်နိုင်တင်း ရောဂါဆိုးကြီးကိုလည်း ကျော်လွှားနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြပါ ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွေမှာလည်း ပြည်သူတွေအနေနဲ့ လူစုလူဝေး လုပ်တာတွေကို ရှောင်ရှားကြဖို့လည်းေ ဒါ်အောင်ဆန်းစုကြည်က ထပ်မံ သတိပေးပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်နိုင်တင်း ကူးစက်သူ ၁၀၀၀ ဝန်းကျင်လောက် ရှိနေချိန်မှာပဲ တနင်္ဂနွေနေ့က နိုင်ငံတဝှမ်း ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။ တနင်္လာနေ့ကတော့ ရောဂါကူးစက်သူ အရေအတွက် ၅၉ ၈ ယောက် ထပ်တိုးလာကြောင်း အတည်ပြုထားပြီး ဒါဟာ အရင်ရက်တွေထက် သိသိသာသာ ကျင်ဆင်းသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသူ ၆ သောင်းကျော်နဲ့ သေဆုံးသူ၁၄၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Crd VOA News

 

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။