မြန်မာဘက်ကနေ သူတို့နိုင်ငံဘက်ပြန်ဝင်တဲ့ ထိုင်းနိုင်ငံသားတချို့ကို ထိုင်းရဲဖမ်းဆီး

15-Nov-2020

မြန်မာဘက်ခြမ်း မြဝတီမြို့ကနေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ အမှုဖွင့်ခံရမယ့်အကြောင်း ထိုင်း The Nation သတင်းက ရေးပါတယ်။

မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၁၁ ဦးကို မဲဆောက်မှာ ထိုင်းရဲနဲ့ စစ်တပ်က တွေ့ရှိ ဖမ်းဆီးခဲ့တာပါ။

မြန်မာဘက်ခြမ်း မြဝတီမြို့က အွန်လိုင်း ကာဆီနို လောင်းကစားရုံက ဝန်ထမ်းတွေလို့ အဖမ်းခံရသူတွေကပြောကြောင်းလည်း သတင်းက ဖော်ပြပါတယ်။

အဖမ်းခံရတဲ့ ထိုင်းနိုင်ငံသား ၁၁ ဦးစလုံးကို COVID-19 စမ်းသပ်ပြီး အစိုးရရဲ့ ကွာရမ်တင်းစင်တာမှာ သီးခြားခွဲ ထားရှိထားပြီး သီးခြားခွဲနေထိုင်ရတဲ့ကာလ အလွန်မှာတော့ တရားစွဲခံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်မှာ COVID-19 ကူးစက်ဖြစ်ပွားမှု များလာတာကြောင့် ထိုင်းဘက်က ကုန်သွယ်ရေး၊ ကူးလူးသွားလာမှုတွေကိုပါ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

Crd VOA News