လာမည့်မလေးရှားရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ဝန်ကြီးချုပ်ဟောင်း မဟာသီ အတည်ပြု

28-Sep-2020

လန်ကာဝီ စက်တင်ဘာ ၂၇

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီက သတ်မှတ်ထားသည့်အချိန်အတိုင်း ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါကလည်း ၎င်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း မလေးမေးလ်သတင်းဌာနနှင့် တွေ့ဆုံရာတွင် အတည်ပြုပြောကြားခဲ့သည်။ မဟာသီက ၎င်း၏ပါတီဝင်များကို အတွေ့အကြုံများ မျှဝေသွားမည် ဖြစ်သော်လည်း ရွေးကောက်ပွဲမှာ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကာ ယင်းအချိန်ဆိုလျှင် အသက် ၉၈ နှစ်ရှိပြီ ဖြစ်သောကြောင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ဆိုသည်။ မဟာသီအနေဖြင့် လက်ရှိအာဏာရပါတီ ပီအင်န်နှင့်ရော အတိုက်အခံပါတီ ပီအိတ်ချ်ပါတီနှင့် တွဲဖက်ပြီး ရွေးကောက်ပွဲယှဉ်ပြိုင်မည် မဟုတ်တော့ကြောင်း သိရသည်။

ကိုးကား-စီအင်န်အေ၊ ဘာသာပြန်-မေလဲ့သင်း