ပထမဆုံးအကြိမ် တပ်တွင်း မဲရုံများ အပြင်ထုတ်

08-Nov-2020

ဒီရွေးကောက်ပွဲမှာ ထူးခြားချက်တစ်ခုကတော့ တပ်တွင်းမဲရုံတွေကို တပ်ပြင်ထုတ်လိုက်တာဖြစ်ပြီး တပ်မတော်သားမဲဆန္ဒရှင်တွေဟာ တချို့နေရာမှာ အရပ်ဖက်မဲရုံတွေမှာ အရပ်သားမဲဆန္ဒရှင်တွေနဲ့အတူ ပေးရတာဖြစ်ပါတယ်။ ဒါက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအနောက်ဘက် မဲရုံ တွေမှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲရုံစတင်ဖွင့်လှစ်ချိန်မှာ မဲပေးနေကြတာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

 ဓာတ်ပုံ-Kaung Zaw Hein / MPA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။