ခရစ်တော်ဖွားမြင်ရာ Bethlehem က ခရစ္စမတ်စ်ပွဲ

26-Dec-2020

ယေရှုခရစ်တော် မွေးဖွားရာနေရာဖြစ်တဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း၊ ပါလက်စတိုင်းဒေသမှာရှိတဲ့ Bethlehem မြို့မှာတော့ ဒီကနေ့ကျရောက်တဲ့ ခရစ်စမတ်နေ့မှာ မြို့တဝိုက် ခရစ်ယာန် ဘုရားကျောင်းတွေက ခေါင်းလောင်းတွေထိုးရင်း ခရစ်စမတ်ပွဲတော် ဆင်နွှဲခဲ့ပါတယ်။

Bethleham မြို့မှာ ခရစ်စမတ်ပွဲတော်ဆင်နွှဲဖို့ နှစ်စဉ်လူပေါင်း ထောင်သောင်းချီ လာရောက်လေ့ရှိပေမယ့် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် ဒီနှစ်မှာတော့ တိတ်ဆိတ်နေတာပါ။ အစ္စရေးလ်နိုင်ငံထဲက အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ပိတ်ထားသလို အစ္စရေးလ်တို့ ထိန်းချုပ်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်က ပါလက်စတိုင်းဒေသတလျှောက် တမြို့နဲ့တမြို့ ခရီးသွားလာမှုတွေလည်း ကန့်သတ်ထားတဲ့အတွက် အလည်အပတ်လာသူတွေ ကင်းပြီး တိတ်ဆိတ်နေတာပါ။

ကမ္ဘာတဝန်းလုံးမှာလည်း ဒီလိုမြင်ကွင်းတွေ အလားတူတွေ့နေရပါတယ်။ ခရစ်စမတ်အားလပ်ရက်မှာ မိသားစု တွေ့ဆုံကြတာတွေ၊ ဝတ်ပြုဆုတောင်းသူတွေနဲ့ ပြည့်နေတတ်တဲ့နေရာတွေမှာလည်း ကပ်ရောဂါကြောင့် အစီအစဉ်တွေပျက်ပြီး တိတ်ဆိတ်ခြောက်ကပ်နေတာလည်း ဖြစ်ပါတယ်။

VOA News