တာချီလိတ်မြို့နယ်တွင် ငွေကျပ် တစ်ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

19-Dec-2020

နေပြည်တော်  ဒီဇင်ဘာ  ၁၈

တာချီလိတ်မြို့နယ်တွင် ငွေကျပ် တစ် ဘီလီယံတန်ဖိုးရှိအိုက်စ်များ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်၌    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ  ၁  နာရီတွင်   ကြိုတင်သတင်းအရ တာချီလိတ်မြို့နယ် လွယ်စီတုံကျေးရွာ လောကဓမ္မဘုန်းကြီးကျောင်းလမ်း တွင်  စောင့်ဆိုင်းနေစဉ်   ယန်းခေါင် ကျေးရွာဘက်မှ လောကဓမ္မကျေးရွာ ဘက်သို့ အားဝေ  မောင်းနှင်လာသည့် Toyota Hilux  Revo  Double  Cab မော်တော်ယာဉ်နှင့် လီကောင်း(ခ)အားချာ   မောင်းနှင်ပြီး    အားဂျွေ့ လိုက်ပါလာသည့် Toyota Hilux Vigo Double  Cab   မော်တော်ယာဉ်တို့ ရောက်ရှိလာသဖြင့် စစ်ဆေးရန်ရပ်တန့် ခိုင်းစဉ်     လီကောင်း  (ခ)   အားချာ မှာ  ထွက်ပြေးလွတ်မြောက်သွားပြီး အားဝေနှင့် အားဂျွေ့တို့အား ငွေကျပ် တစ် ဘီလီယံတန်ဖိုးရှိ အိုက်စ် ၅၀ ကီလို၊ မော်တော်ယာဉ်  နှစ်စီးတို့နှင့် အတူ  ဖမ်းဆီးရမိခဲ့သဖြင့်    အားဝေ၊ အားဂျွေ့၊ လီကောင်း (ခ)  အားချာ (ဖမ်းမမိ)တို့အား ဥပဒေအရ အရေးယူ ထားကြောင်းနှင့် သိမ်းဆည်းရမိသော အိုက်စ်များသည် ကျိုင်းတုံမှ တာချီ လိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်