ပန်းချီ နှင့် ပန်းယွန်း အထိမ်းအမှတ် ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် နှစ်မျိုး ရောင်းချပေးမည်

16-Dec-2020

နေပြည်တော် ဒီဇင်ဘာ ၁၅

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာ ရပ်များကို မျိုးဆက်သစ်လူငယ်များ အကြား ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းချီနှင့် ပန်းယွန်းအထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန် နှစ်မျိုးအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက် မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ် နတ်တော် လဆန်း ၄ ရက်(သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်း ဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များ တွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဒီဇင်ဘာ ၁၈ ရက် တွင် ဝယ်ယူသောစာပို့တံဆိပ်ခေါင်း များနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ် အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်