မျိုးသုဉ်းလုနီး မျောက်မျိုးစိတ် မြန်မာနိုင်ငံမှာတွေ့ရှိ

12-Nov-2020

မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မျောက်မျိုးစိတ်သစ်တမျိုးကို မြန်မာပြည်အလယ်ပိုင်း တောတွင်းတနေရာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလေးချိန် ၁၈ ပေါင်ခန့်သာရှိပြီး အိမ်မွေးကြောင် ၂ ကောင်စာလောက်သာ အလေးချိန်ရှိတာမို့ အရွယ်အစားသေးငယ်ပြီး ချစ်စရာ ကောင်းပါတယ်။ အညိုရောင်အမွှေးအမျှင် ထိုးထိုးထောင်ထောင်နဲ့ မျတ်နှာဖုံးဝတ်ဆင်ထားသလိုပုံမျိုးရှိတဲ့ ဒီမျောက်မျိုးစိတ်ဟာ ခုတော့ မျိုးသုဉ်းပျောက်ကွယ်လုနီးနေပါပြီ ။

ပုပ္ပားမျောက်လို့နာမည်ပေးထားတဲ့ ဒီရှေးမျောက်တွေ မီးတောင်သေတလုံးဖြစ်တဲ့ ပုပ္ပါးတောင်တဝိုက် မှာရှိတဲ့ မျောက်အုပ်တွေထဲ ကမျောက်အုပ်စုတခုဖြစ်ပြီး ယခုအခါ အကောင် ၂၅၀ ကနေ ၃၀၀ လောက်သာကျန်ရှိနေတာမို့ သုတေသနပညာရှင်တွေက့အထူးအန္တရာယ်ကျရောက်နေတဲ့ အုပ်စုထဲ ထည့်သွင်းသတ်မှတ်ထားရှိဖို့တောင်းဆိုနေကြတာပါ။

ရန်ကုန်မြို့ Fauna & Flora International (FFI) က သုတေသနပညာရှင် Frank Momberg ကတော့ “ ဒီ ပုပ္ပါးမျောက်မျိုးစိတ်တွေဟာ ရှေးယခင်ကာလတွေထဲကိုက မျိုးသုဉ်းပျောက်ကွယ်လုနီးနေခဲ့တယ်" လို့ပြောပါတယ်။

အမဲလိုက်ခြင်း၊ စားကျတ်ပျောက်ဆုံးခြင်း၊ ကောင်ရေကျဆင်းလာခြင်း၊ စိုက်ပျိုးရေးနဲ့ တရားမဝင် သစ်ထုတ်လုပ်တာတွေကြောင့် ပုပ္ပါးမျောက်ကောင်ရေ အကြီးအကျယ် ကျဆင်းသွားတယ်လို့လည်း လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

ဒီမျောက်မျိုးစိတ်တွေကို လွန်ခဲ့တဲ့ရာစုနှစ်တွေကထဲက ဗြိတိန်နိုင်ငံလန်ဒန်မြို့သဘာဝသမိုင်းပြတိုက်မှာ ပထမဆုံး ထားရှိခဲ့တာလည်းဖြစ်ပါတယ်။ သုတေသီ Momberg နဲ့အဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ယခင်ကမျိုးစိတ်ဟောင်း နဲ့ယခုရှာဖွေတွေ့ရှိတဲ့မျိုးစိတ်သစ်တို့ရဲ့ မျိုးရိုးဗီဇ နမူနာတွေ တူညီနေဆဲဖြစ်နေတာမို့ ဒီပုပ္ပားမျောက်မျိုးစိတ်တွေဟာ ဆက်လက်ပြီး ရုန်းကန် ရှင်သန်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Crd VOA News