NLD က လွှတ်တော်နှစ်ရပ်ပေါင်း ၃၉၆ နေရာ နိုင်ထားပြီး ကြံ့ခိုင်ရေးပါတီက ၃၀ နေရာရရှိထား

14-Nov-2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ပြည်သူ့လွှတ်တော် ၂၅၈ နေရာ ၊ အမျိုးသားလွှတ်တော် ၁၃၈ နေရာ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာ ၅၀၀ နဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ၁၆ ဦး အနိုင်ရထားပါတယ်။ ဒါကြောင့် NLD ဟာ ပြည်ထောင်စုလွှတ်တော်နှစ်ရပ်ပေါင်း ၃၉၆ နေရာအနိုင်ရရှိထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ၂၄ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၃၆ နေရာ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စုလွှတ်တော်နှစ်ရပ်ပေါင်း ၃၀ နေရာ အနိုင်ရရှိထားပါတယ်။

ဒီပါတီကြီးနှစ်ခုနောက်မှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂၇ နရာ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် SNLD က လွှတ်တော်နှစ်ရပ်ပေါင်း ၁၅ နေရာအနိုင်ရရှိထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ လေးနေရာစီအနိုင်ရထားပြီး ပြည်နယ်လွှတ်တော်မှာ ၇ နေရာ အနိုင်ရရှိထားပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP ကတော့ ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၆ နဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၁ နေရာအနိုင်ရရှိထားပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ပြည်သူ့လွှတ်တော် ၂ နေရာ ၊ အမျိုးသားလွှတ်တော် ၃ နေရာ ၊ ပြည်နယ်လွှတ်တော် ၃ နေရာ အနိုင်ရရှိထားပါတယ်။

ဒီစာရင်းတွေဟာ နိုဝင်ဘာ ၁၃ ရက်ည ၈ နာရီထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံများ-ရွှေအင်းသားခင်မောင်ဝင်း၊ MPA