သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ဖယ်ရှားပေးဖို့တောင်းဆို

15-Nov-2020

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမှာ အစိုးရ ထောက်ပံ့ငွေ လေးသောင်း မရသူ ၅၀ ကျော်က ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချပေးဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့တဲ့အနေနဲ့ ငွေကျပ် လေးသောင်း ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

 

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။