နိုင်ငံတကာကျောင်းသား လက်ခံရေး သြစတြေးလျ ဆိုင်းငံ့

14-Nov-2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ ဩစတြေးလျနိုင်ငံသားတွေ ပြန်လာနိုင်ရေး ဦးစားပေးလုပ်ဆောင်ဖို့ ရှိနေ တာကြောင့် နိုင်ငံရပ်ခြား ကျောင်းသားတွေကို လောလောဆယ် ပြန်လက်ခံဦးမှာ မဟုတ်သေးဘူးလို့ ဩစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။

“Quarantine စည်းမျဉ်းစည်းကမ်းတွေ ကျင့်သုံးပြီး ဩစတြေးလျနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့ အရေးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကြောင့် နိုင်ငံရပ်ခြားက ကျောင်းသားတွေ ပြန်လည်လက်ခံဖို့ အခြေအနေ မရှိသေးတာဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံသား တွေအိမ်ပြန်လာဖို့အရေးက နံပတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း” ဝန်ကြီးချုပ် Morrison ကသတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။

ဒါက ဩစတြေးလျနိုင်ငံရဲ့ မူဝါဒဖြစ်ပြီး ဝန်ကြီးအဖွဲ့ကလည်း လိုက်နာ ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ဩစတြေးလျနိုင်ငံက မတ်လကတည်းက COVID 19 ရောဂါ ထိန်းချုပ်ဖို့အတွက် နိုင်ငံသား မဟုတ်သူတွေနဲ့ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ပိတ်ပင်ထားတာပါ။

သောကြာနေ့ တစ်နေ့တည်းမှာပဲ ဩစတြေးလျ ကျန်းမာရေးဝန်ကြီး Greg Huntက ဩစတြေးလျ Queensland တက္ကသိုလ် နဲ့ CSL Ltd တို့ ပူးပေါင်းထုတ်လုပ်နေတဲ့ COVID 19 ကာကွယ်ဆေး စမ်းသပ်မှု ရလဒ်ကောင်းတွေ ရနေတယ်လို့ ပြောပါတယ်။ အဲဒီ ကာကွယ်ထိုးဆေး ၅၁ သန်း ဝယ်ယူဖို့လည်း ဩစတြေးလျ အစိုးရက သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။

ဩစတြေးလျ အနောက်ပိုင်းဒေသကလွဲလို့ခရစ်စမတ် မတိုင်ခင် တစ်နိုင်ငံလုံးကို ပြန်လည် ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့လည်း ဝန်ကြီးချုပ် Morrison က ပြောပါတယ်။

Crd RFA