မန္တလေးတိုင်းမှာလည်း NLD ဦးဆောင်နေ

09-Nov-2020

ည ၈ နာရီခွဲအထိ မဲရေတွက်နေမှုတွေ အရ မန္တလေးတိုင်းမှာလည်း NLD ပါတီက ဦးဆောင်နေတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။

တောင်သာ၊ ချမ်းအေးသာဇံ စတဲ့ မဲဆန္ဒနယ်တွေမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ထောက်ခံမဲ အများအပြားရနေတာ ဖြစ်ပါတယ်။

မိတ္ထီလာ မြို့နယ်မှာလည်း NLD ကိုယ်စားလှယ်လောင်းတွေက အသာရနေတဲ့ အကြောင်း လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။

လက်ရှိအချိန်မှာတော့ မဲတွေကို ဆက်လက် ရေတွက်နေဆဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။