လွတ်လပ်ရေးနေ့တွင် နေပြည်တော်၌ လမ်းအချို့ ခေတ္တပိတ်ထားမည်

02-Jan-2021

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် (ဝတ်စုံပြည့်) အစမ်းလေ့ကျင့်မည့် ၂.၁.၂၀၂၁ ရက်နေ့နှင့် အခမ်းအနားကျင်းပမည့် ၄.၁.၂၀၂၁ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်းဈေးထောင့်လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက်(၀၂:၀၀) နာရီအချိန်မှ (၀၈:၀၀) နာရီအချိန်အထိ ခေတ္တလမ်းပိတ်လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ယာဉ်အသုံးပြုသွားလာနေကြသူများအနေဖြင့် ၎င်းနေ့ရက်များတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ တော်ဝင်ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့ လည်းကောင်း၊ သပြေကုန်းဈေးထောင့် လမ်းဆုံ မီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲ မောင်းနှင်ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ