ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်ဖြဲမိသူကို ဝန်ခံကတိထိုးခိုင်း

08-Nov-2020

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မယ်ဇလီခင်ကျေးရွာက  မဲရုံအမှတ်(၃) မှာ မဲလာထည့်တဲ့ မဲဆန္ဒရှင်ပြည်သူတစ်ဦး ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်ဖြဲမိသူကို ဝန်ခံကတိထိုးခိုင်းခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသိန်းနိုင်က ပြောပါတယ်။

မဲလာပေးသူဟာ ဆန္ဒပြုခန်းထဲဆန္ဒပြုအပြီးမဲပုံးထဲထည့်ဖို့ ခေါက်လိုက်တဲ့အချိန်မှာ ပြဲသွားတာလို့ ဆိုပါတယ်။လက်ရှိမှာ အဲဒီမဲလက်မှတ်ဖြဲမိတဲ့ မဲပေးသူကိုအရေးယူတာမလုပ်ဘဲ ဖြေလျော့တဲ့ အနေနဲ့ နောက်မဲနှစ်ခုပေးဖို့ ရပ်ဆိုင်းလိုက်တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဦးသိန်းနိုင်က ပြောပါတယ်။ဥပဒေအရဆိုရင်တော့ မဲလက်မှတ်ဖြဲသူဟာ  ထောင်ဒဏ်တစ်နှစ်ဒါမှမဟုတ် ငွေဒဏ် တစ်သိန်းချမှတ်နိုင်သလို ဒါမှမဟုတ်  ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။