မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

23-Oct-2020

နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက်   တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်   လမ်း/တံတား၊    ကျေးလက်လမ်း/တံတားနှင့်  အဆောက်အအုံ၊  မြို့ပြဒေသများ  အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက  စီမံကိန်းများ  ချမှတ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏   ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်  ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product - GDP)    တိုးတက် ဖွံ့ဖြိုးရေးအတွက်  အထောက်အကူဖြစ်စေ သော     သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အချိန်တိုအတွင်း    နယ်မြေဒေသမရွေး ပို့ဆောင်သွားလာနိုင်ပြီး  သယ်ယူပို့ဆောင် စရိတ်အနည်းဆုံးလျှော့ချနိုင်ရန်    လမ်း/တံတားများ        ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။   နိုင်ငံသူ/နိုင်ငံသားအားလုံး  လူနေမှုဘဝမြှင့်တင်စေ မည့်    သင့်လျော်ကောင်းမွန်သော   အိမ်ရာ များတွင်   နေထိုင်နိုင်ကြစေရန် မြို့ပြအိမ်ရာ စီမံကိန်းများ   တည်ဆောက်ပေးလျက်ရှိပါ သည်။  ကျေးလက် လမ်း/တံတားများ ဖွံ့ဖြိုး တိုးတက်ခြင်းကို  ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးလျက်ရှိပြီး   ကျေးလက်နေ ပြည်သူများ၏      လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်သည်။

လမ်း/တံတားစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်

ဝန်ကြီးဌာန၏     ရည်မှန်းချက်နှင့် တာဝန်ဝတ္တရားများကို  အကောင်အထည် ဖော်ရန်    ဝန်ကြီးဌာနရှိ    လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့သည်  ၂၀၃၀ ပြည့်နှစ် တွင်   လက်ရှိ လမ်းမိုင် ၂၆၆၂၃ မိုင်(၄၂၉၄၀ ကီလိုမီတာ) ကျော်ရှိ လမ်းများကို အာဆီယံ အဆင့်(၃)   (ASIAN CLASS III)   ၁၈ ပေ အကျယ်   ကတ္တရာလမ်း/ကွန်ကရစ်လမ်း အဆင့်   အနည်းဆုံးရောက်ရှိရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တံတားများအားလုံး ၂၄ ပေ အကျယ်  နှစ်လမ်းသွားသံကူကွန်ကရစ် တံတား၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ် တံတား၊   သံမဏိသံပေါင်တံတားများ  (RC Bridge, PC Bridge, Steel Truss Bridge) အဆင့်ရောက်ရှိရန် လမ်း/တံတားစီမံကိန်း များကို  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

မဟာဗျူဟာနှင့် နည်းဗျူဟာ

လမ်း/တံတား    စီမံကိန်းများကို အကောင်အထည်ဖော်   ဆောင်ရွက်ရာတွင် မဟာဗျူဟာနှင့်    နည်းဗျူဟာများအဖြစ် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေနှင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊      လုပ်ငန်း အကောင်အထည်ဖော်ရန်      ဖြစ်နိုင်စွမ်းရှိ သော  လုပ်ငန်းအချို့ကို    ပြည်သူ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း (Public Private Partnership -PPP)  စနစ်ဖြင့်  နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်      ပူးပေါင်း အကောင်အထည်ဖော်     ဆောင်ရွက်ခြင်း၊    နိုင်ငံတကာမှ  အစိုးရနှင့်   အဖွဲ့အစည်းများ (International    Government   and Organization)   ဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေး  မိတ်ဆွေအဖွဲ့ (Development Partners)  များဖြစ်သော World Bank, ADB, JICA, KOICA, TICA စသည့် အဖွဲ့ အစည်းများ၏ ချေးငွေ (ODA Loan)၊  ကူညီ ထောက်ပံ့ငွေ    (Grant Aid)များနှင့်  အကောင်အထည်ဖော်   ဆောင်ရွက်ခြင်း တို့ဖြင့်  မြန်မာနိုင်ငံအတွင်း    ပြည်ထောင်စု လမ်းမကြီးများပေါ်ရှိ လမ်း/တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိ သည်။

ဂုဏ်ပြုရေးသား ပြည်ထောင်စုလမ်းမများ

ပြည်ထောင်စုလမ်းမကြီးများပေါ်ရှိ လမ်း/ တံတားများကို   အဆင့်မြှင့်တင်ဆောင်ရွက်ရာ တွင်   နေပြည်တော်ကောင်စီနယ်မြေ၊  တိုင်း ဒေသကြီးနှင့် ပြည်နယ်များအတွင်း  အဓိကကျ သော လမ်းမကြီးများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်သော    လမ်းမကြီးများ၊    နယ်စပ် ကုန်သွယ်ရေးနှင့်    စီးပွားရေးစင်္ကြံလမ်းများ BOT စနစ်ဖြင့်  လည်းကောင်း၊   နိုင်ငံတကာချေးငွေများဖြင့်လည်းကောင်း    ဆောင်ရွက်နေ သောလမ်းမကြီးများအကြောင်းကို   လမ်းများ တိုးတက်လာမှုအခြေအနေ၊   လမ်းမကြီးဖြတ် သန်းသွားသော    တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၊    လမ်းနှင့်ဆက်သွယ်သော မြို့များနှင့်   နယ်စပ်ဒေသမြို့များ၊    ခရီးမိုင် အကွာအဝေးများနှင့်   ယာဉ်မောင်းခန့်မှန်း  ကြာမြင့်ချိန်များစသည်တို့နှင့်    ပတ်သက်သည့် အချက်များကို     လေ့လာရှာဖွေ၍     ရေးသား တင်ပြအပ်ပါသည်။

မြစ်ကြီးနားမှ   ပူတာအိုသို့    နေ့ချင်းပေါက် ခရီးရောက်ပြီ

မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း သည်    အရှည် ၂၀၇ မိုင်ရှိပြီး    ယခင်က မြစ်ကြီးနားမြို့နယ်၊   ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်အတွင်းရှိ     လမ်းပိုင်းတို့တွင် ကျောက်လမ်း၊     အမာခံလမ်း၊    မြေသားလမ်း ၁၀၇ မိုင်ကျော်   ကျန်ရှိနေခဲ့သည်။   ကျန်ရှိနေ သော   မြေသားလမ်းများ   အချို့အပိုင်းတွင် ကမ္ဘာကျော်   ဗွက်တန်းများအဖြစ်   နာမည်ကြီး ခဲ့ပြီး    ယခင်အချိန်က     မြစ်ကြီးနားမြို့မှ ပူတာအို မြို့သို့သွားလာရာတွင်  နှစ်ညအိပ် သုံးညအိပ်       ခရီးသွားလာခဲ့ကြရသည်။      ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ   ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်အထိ ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများ၊  ကချင်ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၂၇ ဒသမ ၅ ဘီလီယံကျော်ဖြင့် လမ်း/ တံတားလုပ်ငန်း များ   ဆောင်ရွက်ခဲ့ရာတွင်    ကွန်ကရစ်လမ်း   ၁၀၆/၃ မိုင်၊      နိုင်လွန်ကတ္တရာ လမ်း ၃/၅ မိုင်၊    ကတ္တရာလမ်း ၈၆/၇ မိုင်၊  ကျောက်/အမာခံလမ်း   ၁၀/၄ မိုင်နှင့် ပေ ၅၀ အောက် တံတား    ၆၃၇ စင်း၊    ပေ ၅၀ အထက် တံတား ၁၉ စင်းအထိ      တည်ဆောက်နိုင်ခဲ့ပါသည်။

မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပေါ်ရှိ   တီယန်ဇွပ်တံတားပေ ၃၀၀၊   ဒရုခတံတားပေ ၂၀၀၊     စီနင်ခတံတား ၂၀၄ ပေ၊ ဖုန်ချန်တံတား  ပေ ၂၄၀ ၊    ဆွမ်ပီ ယန်တံတား ပေ ၂၂၀  စသည့်    တံတားကြီး ငါးစင်းကို  သံကူကွန်ကရစ်တံတားကြီးများ အဖြစ်       အဆင့်မြှင့်တင်တည်ဆောက်နိုင်ခဲ့ သည်။ ယခုအခါ ရာသီမရွေးဆက်သွယ်သွား နိုင်သော  လမ်း/တံတားများ     တိုးတက် ကောင်းမွန်လာပြီ        ဖြစ်သည့်အတွက်     မြစ်ကြီးနား-ဆွမ်ပရာဘွမ်မှ   ပူတာအိုသို့    နေ့ချင်းပေါက်  ကိုးနာရီခရီးဖြင့် အရောက် သွားနိုင်ကြပြီ ဖြစ်ပါသည်။  ကချင်ပြည်နယ် မြို့တော်  မနောမြေမှ   ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်     မြစ်ကြီးနား- ဆွမ်ပရာ ဘွမ်- ပူတာအိုလမ်းကြီးမှ         ရေခဲတောင်များ ဖြင့်  သာယာလှပနေသော  ပူတာအိုနယ်မြေ ဒေသသို့    အချိန်မရွေး သွားလာနိုင်ကြပြီဖြစ် သည်။

ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဆက်သွယ်သော လမ်းမကြီး

မြစ်ကြီးနားမြို့မှ      တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တွင်ရှိ      ကန်ပိုက်တီမြို့သို့ ဆက်သွယ်ထားသော    မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး- ကန်ပိုက်တီကတ္တရာလမ်းသည် ၇၁ မိုင် အရှည်ရှိသည်။ မြစ်ကြီးနားမြို့မှ တရုတ်နိုင်ငံ နယ်စပ်ရှိ  ကန်ပိုက်တီမြို့သို့  ယာဉ်မောင်းချိန် နှစ်နာရီကျော်ဖြင့်   သွားလာ နိုင်ပြီး    နှစ်နိုင်ငံ   နယ်စပ်ကုန်သွယ်ရေး         လုပ်ငန်းများကို    လွယ်ကူလျင်မြန်ချောမွေ့စွာ        ဆောင်ရွက် နိုင်ပြီဖြစ်ပါသည်။ မြစ်ကြီးနားမြို့မှ   အိန္ဒိယ နိုင်ငံနယ်စပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး      ခန္တီးခရိုင်    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   နန်းယွန်းမြို့နယ်    ပန်ဆောင်မြို့သို့  ဆက်သွယ်သော  မြစ်ကြီးနား -တမ္မတီး- တနိုင်း- နန်းယွန်း-  ပန်ဆောင် လမ်းမကြီး ရှိပါသည်။   ယင်းလမ်းမကြီးသည် ကချင် ပြည်နယ်  မြစ်ကြီးနားခရိုင်မှ  မြစ်ကြီး နား မြို့နယ်၊    တနိုင်းမြို့နယ်၊    မိုးညှင်းခရိုင်မှ မိုးကောင်းမြို့နယ်  နမ္မတီးနှင့်  ဖားကန့် မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်မှ   နန်းယွန်းမြို့နယ်တို့ကို  ဖြတ်သန်းသွားပြီး မြစ်ကြီးနား မြို့နယ်မှ  ပန်ဆောင်မြို့အထိ ၂၂၈ မိုင် လမ်း အရှည်ရှိပါသည်။

တရုတ်နိုင်ငံနယ်စပ်    ကန်ပိုက်တီ မြို့အထိ တရုတ်-မြန်မာ-အိန္ဒိယသုံးနိုင်ငံ  လမ်းမကြီးအရှည်မှာ ၃၀၁ မိုင် ရှည်လျားပါ သည်။ မြစ်ကြီးနားမြို့မှ ပန်ဆောင်မြို့အထိ လမ်းပိုင်းများကို  ကချင်ပြည်နယ်     အစိုးရ အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏          ခွင့်ပြုရန်ပုံငွေများဖြင့်     လမ်းအဆင့်မြှင့်တင်ခြင်း         လုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကန်ပိုက် တီ- မြစ်ကြီးနား- ပန်ဆောင်လမ်းကြီးသည် သုံးနိုင်ငံဆက်သွယ်သည့်  အရေးပါသော  လမ်းကြီးတစ်လမ်း ဖြစ်ပါသည်။

ဧရာဝတီမြစ်    အရှေ့ဘက်ခြမ်းဒေသများ ဖွံ့ဖြိုးတိုးတက်စေမည့်

မန္တလေး-တကောင်း- ရွှေကူ-ဗန်းမော်-မြစ်ကြီးနား လမ်း

ဧရာဝတီမြစ်      အရှေ့ဘက်ကမ်း    သပိတ်ကျင်းမြို့နယ်မှ  တကောင်းမြို့နယ် ရွှေကူမြို့နှင့် ဗန်းမော်မြို့သို့  ဖြတ်သန်း ဖောက်လုပ်ထားပါသည်။  သပိတ်ကျင်းမြို့ နယ်    တကောင်းလမ်းဆုံမှ လမ်းသစ် ဖောက်လုပ်ခဲ့ရာ ကချင်ပြည်နယ်  မံစီမြို့ နယ်     ဟန်ထက်လမ်းဆုံအထိ   လမ်း အရှည် ၁၇၅ မိုင် ၃ ဖာလုံရှည်ပါသည်။ မန္တလေးမှ  မန္တလေး- မိုးကုတ်လမ်းအတိုင်း တကောင်းလမ်းအစ    လမ်းဆုံအထိ ၈၀ မိုင် ၃ ဖာလုံ   ကွာဝေးပါသည်။   ကချင် ပြည်နယ်အပိုင်းတွင် မံစီမြို့နယ် ဟန်ထက် လမ်းဆုံမှ      ၈ မိုင် ၃ ဖာလုံသွားလျှင် မန္တလေး-  လားရှိုး-  မူဆယ်-  ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်တိုင် ၃၆၀/၀ ရှိ ဆဝမ် ကထောင်လမ်းဆုံသို့    ရောက်ရှိသည်။ မန္တလေး-တကောင်း- ရွှေကူ- ဗန်းမော်-မြစ်ကြီးနားလမ်း  အရှည်မှာ မန္တလေးမှ  ဗန်းမော်အထိ ၂၇၄ မိုင် ၂ ဖာလုံ၊ မြစ်ကြီးနား မြို့အထိ ၃၉၁ မိုင် ၄ ဖာလုံ အရှည်ရှိသည်။       မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မန္တလေး၊  မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းဒေသပတ်ဝန်း ကျင်မှ  ခရီးသွားပြည်သူများနှင့်     ကုန်စည် ပို့ဆောင်သူများသည် မန္တလေး- တကောင်း-  ရွှေကူ- ဗန်းမော်-  မြစ်ကြီးနားလမ်းကို အသုံးပြု၍ ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့သို့ ဆက်သွယ် သွားလာကြ ပါသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းနှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်း

မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီး နားလမ်း(မန္တလေး-လားရှိုး-မူဆယ်- နမ့်ခမ်း အပိုင်း)    လမ်းအရှည်မိုင် ၂၉၀  နှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း ၆၆ မိုင်အရှည်ရှိ လမ်းနှစ်လမ်းကို Oriental  Highway Co., Ltd မှ BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း   လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့်   တရုတ်နိုင်ငံတို့      နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများကို      မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဆောင်ရွက် လျက်ရှိသည်။   ဆောက်လုပ်ရေးဝန်ကြီး ဌာန    လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် Oriental Highway Co., Ltd မှ BOT စနစ်ဖြင့် မန္တလေး-လားရှိုး- မူဆယ်-နမ့်ခမ်း လမ်းနှင့် သိန္နီ-  ကွမ်းလုံ-  ချင်းရွှေဟော် လမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်မှုကြောင့်   ကုန်စည်များကို ချောမွေ့စွာ  ပို့ဆောင်နိုင်ပြီး  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်လာပြီဖြစ် သည်။

၂၀၂၀ ပြည့်နှစ်အတွင်း    မန္တလေး-လားရှိုး-မူဆယ်လမ်း    မန္တလေးမြို့မှ နောင်ချိုမြို့အထိ   ၇၁ မိုင်လမ်းအရှည်ကို လေးလမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ်  BOT အဖွဲ့က လမ်းအဆင့် မြှင့်တင်ဆောင် ရွက်ပြီးဖြစ်သည်။  ပြင်ဦးလွင် မြို့ရှောင်လမ်း နှင့်   လားရှိုးမြို့ရှောင်လမ်းများ ကိုလည်း  နှစ်လမ်းသွား    နိုင်လွန်ကတ္တရာလမ်းများ အဖြစ်  တည်ဆောက်ခဲ့သည်။    ခရီးလမ်း ပန်းလုံခြုံချောမွေ့စေရေးအတွက်      နောင်ချို မြို့နယ်အတွင်း               ဂုတ်တွင်းတံတားသစ်  (အရှည်ပေ ၂၁၀ )      နှစ်လမ်းသွား      သံကူ ကွန်ကရစ်တံတားကို ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန   တံတားအထူးအဖွဲ့(၄)က  တည်ဆောက်ပြီးဖြစ်ကြောင်း   သိရှိရသည်။ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း  ကွမ်းလုံ မြို့တွင် တရုတ်-မြန်မာချစ်ကြည်ရေးအတွက် တရုတ်နိုင်ငံမှ  ကွမ်းလုံတံတားအသစ်တစ်စင်း တည်ဆောက်ပေးလျက်ရှိသည်။   မန္တလေး-လားရှိုး- မူဆယ်- နမ့်ခမ်းလမ်းမကြီးသည် မြန်မာနိုင်ငံ    စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံနှင့်  နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ  ဆောင်ရွက်သော  ကုန်တင်ယာဉ် ကြီးများသွားလာသည့်   အဓိကလမ်းမကြီး ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထိုင်း-မြန်မာ-အိန္ဒိယ  သုံးနိုင်ငံဆက်သွယ်သည့်

မုံရွာ-ယာကြီး- ကလေး၀-တမူး လမ်းမကြီး

မုံရွာ- ယာကြီး- ကလေးဝ- တမူးလမ်း သည် အာရှလမ်းမကြီးအမှတ်(၁)(AH1)လမ်းမ ကြီးဖြစ်သည်။ မုံရွာ-ယာကြီး-ကလေးဝလမ်း တွင် မုံရွာအုပ်စု ဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းအရှည်မိုင် ၄၀  ကို BOT စနစ်ဖြင့် ၂၄ ပေအကျယ်    ကတ္တရာလမ်းဆောင်ရွက်ပြီး ဖြစ်သည်။    ယင်းလမ်း   မိုင်တိုင် ၄၀ မှ ၁၁၅ မိုင် ၅  ဖာလုံအထိ   လမ်းအရှည် ၇၅ မိုင် ၅ ဖာလုံကို အိန္ဒိယနိုင်ငံမှ   အကူအညီအထောက် အပံ့ပေးသော ရန်ပုံငွေဖြင့်   လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်နေပြီဖြစ် သည်။ ၁၂  မီတာအကျယ်    နှစ်လမ်းသွား  နိုင်လွန် ကတ္တရာလမ်းဖြစ်ပြီး စီမံကိန်းတန်ဖိုး ငွေကျပ် ၂၆၀ ဘီလီယံခန့်ရှိကြောင်း  သိရှိရ သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က      ကြီးကြပ် ဆောင်ရွက်ပြီး  လိုအပ်သည်များကို   ပံ့ပိုးပေး လျက်ရှိပါသည်။   လမ်းစီမံကိန်းကို   အိန္ဒိယ နိုင်ငံမှ M/S Punj Lioyd-Varaha Infra ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး  ၂၀၂၁ ခုနှစ် အတွင်းလမ်းလုပ်ငန်းပြီးစီးရေး ဆောင်ရွက် လျက်ရှိကြောင်း     သိရှိရသည်။  ကလေး-ကလေးဝ-ကျီကုန်း-တမူးလမ်းသည် ၉၃ မိုင် အရှည်  နှစ်လမ်းသွား  နိုင်လွန် ကတ္တရာလမ်း ဖြစ်သည်။   ကလေး-တမူး လမ်းပိုင်းရှိ သံပေါင် တံတားများကို နှစ်လမ်းသွား  သံကူကွန်ကရစ် တံတားများအဖြစ်   အသစ်ဆောက်လုပ်ရန် အိန္ဒိယနိုင်ငံမှ အကူ အညီအထောက်အပံ့ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း  သိရှိရပါ သည်။ မုံရွာ-ယာကြီး-ကလေးဝ လမ်းပြီးစီး သွားပါက   မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မုံရွာဒေသများနှင့်    နိုင်ငံတစ်ဝန်း လုံးအတွက်      အိန္ဒိယနိုင်ငံသို့      နယ်စပ် ကုန်သွယ်ရေး          လမ်းကြောင်းကြီး   ပေါ်ပေါက်လာတော့မည်ဖြစ်သည်။    ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ   ဆက်သွယ်သော    လမ်းမကြီးကြောင့်    မြန်မာနိုင်ငံအတွင်းရှိ   ဒေသခံပြည်သူများ  လမ်းပန်းဆက်သွယ် ရေးလုံခြုံချောမွေ့စွာ   သွားလာနိုင်ကြပြီး လူမှုစီးပွားရေး    အဆင့်အတန်းများနှင့်    ကုန်သွယ်စီးပွားရေး၊   ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ   တိုးတက်မြင့်မားလာတော့ မည်ဖြစ်သည်။

နာဂတောင်တန်းဒေသများ  ဖွံ့ဖြိုးတိုးတက် ရေးလမ်းမကြီး

သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းနှင့် ခန္တီး-လဟယ်-ဒုံးဟီး-နန်းယွန်းလမ်း

စစ်ကိုင်းတိုင်းဒေသကြီး   နာဂတောင် တန်းဒေသများ    ဖွံ့ဖြိုးတိုးတက်စေရန် အတွက်    သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမကြီးသည်     ရေဦး-ကလေးဝလမ်း ၁၀၅/၄ မိုင်ရှိ    မိုင်တိုင် ၈၀/၃ သက္ကယ်ကျင်းလမ်းဆုံ ၀/၀ မိုင်တိုင် မှစတင်၍ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှ လမ်းဖြတ်သန်းပြီး   ခန္တီးမြို့အထိ  ၃၃၅ မိုင် အရှည်ရှိပါသည်။      သက္ကယ်ကျင်း- ဖောင်းပြင်-   ဟုမ္မလင်း-   ခန္တီးလမ်းသည်   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း     ကလေး ခရိုင်    ကလေးဝမြို့နယ်၊     မော်လိုက်ခရိုင် မော်လိုက်မြို့နယ်နှင့်   ဖောင်းပြင်မြို့နယ်၊  ခန္တီးခရိုင်   ဟုမ္မလင်းနှင့်   ခန္တီးမြို့နယ်များကို ဖြတ်သန်းသွားပါသည်။ ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေနှင့်  စစ်ကိုင်းတိုင်းဒေသကြီး ရရှိ ရန်ပုံငွေများဖြင့်    လမ်းတိုးတက်ပြုပြင်ခြင်း လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း  နိုင်လွန်ကတ္တရာလမ်း ၀/၅ မိုင်၊  ကွန်ကရစ်လမ်း ၃၂ / ၇ မိုင်၊ ကတ္တရာလမ်း ၁ / ၇ မိုင်၊  အမာခံလမ်း ၂၉၉/၅ မိုင်  တိုးတက် လာခဲ့သည်။

ချင်းတွင်းမြစ်ကူးတံတားများဖြစ်သော ချင်းတွင်းတံတား   (ကလေးဝ၊ ဟုမ္မလင်း၊ ခန္တီး)တို့     တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ချင်းတွင်းတံတား    (ထမံသီ)   ကိုလည်း   ဆက်လက်      တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  ခန္တီးမြို့မှ   အိန္ဒိယနိုင်ငံ နယ်စပ် နန်းယွန်းမြို့နယ်    ပန်ဆောင်မြို့အထိ   ရောက် ရှိသော ခန္တီး-လဟယ်-ဒုံးဟီး-နန်းယွန်း လမ်း     မိုင်အရှည် ၁၆၀/၉ မိုင်ကိုလည်း  အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။  နာဂတောင်တန်း ဒေသများနှင့် ချင်းတွင်းမြစ်    အထက်ပိုင်းဒေသ တို့    ဖွံ့ဖြိုးတိုးတက်စေရန်နှင့်   လမ်းပန်း ဆက်သွယ်ရေး      ကောင်းမွန်လာစေရန်    ထမံသီ- လေရှီး- ပန်ဆပ်- ဆွမ္မရားလမ်း (၈၀/၆ မိုင်အရှည်)၊ ခန္တီး(ပါဆောင်)    ပါရိုး-ထန်ပါခွေ  (လမ်းအရှည် ၅၄ မိုင်)နှင့်    ခန္တီး-ဖားလဖုန်း-တာမခံ-ညောင်ပင်လမ်း (လမ်း အရှည် ၄၇/၆ မိုင်) တို့ကိုလည်း အဆင့်မြှင့်တင် ပေးလျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့်  ချင်းတွင်း မြစ်အထက်ပိုင်းဒေသများနှင့်     နာဂတောင် တန်းဒေသများရှိ     ဒေသခံတိုင်းရင်းသား ပြည်သူများ     လူမှုစီးပွားဘဝများ မြှင့်တင်ရေး အတွက်   လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ  တိုးတက်ကောင်းမွန်အောင်  ဆောင်ရွက်ပေး လျက်ရှိသည်။

ချင်းပြည်နယ်အတွက် အရေးပါသော ကလေး-ဖလမ်း-ဟားခါးလမ်းနှင့်

အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-သိုင်းငင်း-တီးတိန်-ရိဒ်လမ်း

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့မှ ချင်းပြည်နယ်မြို့တော်  ဟားခါးသို့ ဆက်သွယ် ထားသော ကလေး- ဖလမ်း- ဟားခါး လမ်းမ ကြီးသည်    ၁၂၄ မိုင်  လမ်းအရှည်ရှိသည်။   ၂၀၁၆ ခုနှစ်မှ   စတင်၍   ဆောက်လုပ်ရေး ဝန်ကြီးဌာန   ချင်းပြည်နယ်  လမ်းဦးစီးဌာနမှ    ခရိုင်၊ မြို့နယ်အင်ဂျင်နီယာအဖွဲ့များ၊  လမ်း အထူးအဖွဲ့များသည် ပြည်ထောင်စုအစိုးရအဖွဲ့   ခွင့်ပြုရန်ပုံငွေ၊    ချင်းပြည်နယ်အစိုးရအဖွဲ့    ခွင့်ပြုရန်ပုံငွေများဖြင့်     ကလေး- ဖလမ်း- ဟားခါးလမ်းကို    ကတ္တရာလမ်းအဆင့်ထိ     ရောက်အောင် လမ်းလုပ်ငန်းများ   ဆောင်ရွက်ခဲ့ သည်။ ချင်းပြည်နယ်    လမ်းဦးစီးဌာနအနေဖြင့် ကလေး-  ဖလမ်း-  ဟားခါးလမ်းတွင်   အတက် အဆင်းမတ်သော    နေရာများ၌  ကွန်ကရစ် လမ်း အရှည် ၃ မိုင် ၆ ဖာလုံ၊ ဖလမ်းမြို့တွင်းနှင့် ဟားခါးမြို့တွင်းလမ်းများ  နိုင်လွန်ကတ္တရာ ခင်းခြင်း ၇ မိုင် ၄ ဖာလုံနှင့်    ကတ္တရာလမ်းအရှည် ၁၀၃ မိုင် ၇  ဖာလုံအထိ     လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ခဲ့သည်။    ဂျပန်နိုင်ငံ JICA အဖွဲ့ထံမှ    ချေးငွေရယူပြီး     ကလေးနှင့် ဖလမ်းကြား   လမ်းပိုင်းအချို့ကို  နှစ်လမ်းသွား  ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉   ဘဏ္ဍာရေး နှစ်တွင်   ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သိုင်းငင်း-ဖလမ်းကြားရှိ မဏိပူရ်မြစ်ကူး ဗားရ်တံတားအသစ်(၅၅၈ ပေအရှည်) နှစ်လမ်း သွား       သံကူကွန်ကရစ်   တံတားအဖြစ် တည်ဆောက်ပြီးဖြစ်ကြောင်းလည်း     သိရ သည်။   ကလေးမြို့မှ  အိန္ဒိယနယ်စပ် ရိဒ်မြို့ သို့ဆက်သွယ်ထားသော   ကလေး-သိုင်းငင်း-တီးတိန်- ရိဒ်လမ်းသည်    လမ်းအရှည် ၈၈ မိုင်ရှိပြီး     အိန္ဒိယနိုင်ငံနှင့်   နယ်စပ်ကုန်သွယ် ရေးလမ်း   ဖြစ်ပါသည်။   လမ်း အခြေအနေမှာ ကွန်ကရစ်လမ်း ၁၃/၃ မိုင်၊ ကတ္တရာလမ်း ၅၀/၂ မိုင်ရှိပြီး   တီးတိန်နှင့်    ရိဒ်လမ်းပိုင်းတွင် အမာခံကျောက်ချောလမ်း ၂၁/၇ မိုင် ရှိပါသည်။    တီးတိန်နှင့် ရိဒ်ကြားမဏိပူရ်မြစ်ကူး   မံဆောင်း ကြိုးတံတားဘေးတွင်     သေတ္တာပုံ သံမဏိ ရက်မသံကူကွန်ကရစ်တံတား  (Streel Box Girder RC Bridge)    မံဆောင်းတံတား သစ်      (၆၀၃ ပေ အရှည်)   တည်ဆောက် လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင်  ပြီးစီးမည်ဖြစ် ကြောင်း   သိရှိရသည်။

ချင်းပြည်နယ်တွင်        တောင်ပိုင်း ပလက်ဝမြို့မှ မြောက်ပိုင်း   ကျီခါးမြို့အထိ ဆက်သွယ်သော ပလက်ဝ-မတူပီ-ဟားခါး-ဖလမ်း- တီးတိန်- တွန်းဇံ- ကျီခါးလမ်း(၅၀၉ မိုင်အရှည်)၊ မင်းတပ်-မတူပီလမ်း (၁၀၂/၀ မိုင်)၊  ကန်ပက်လက်-မင်းတပ်လမ်း (၃၇/၅ မိုင်)၊ မင်းတပ်- မတူပီလမ်း(၁၀၂/၀ မိုင်)၊ ဂန့်ဂေါ-ဟားခါးလမ်း (ချင်းပြည်နယ် ၇၃/၅ မိုင်)၊ ဟားခါး-ထန်တလန်-စာဆီချောက် လမ်း   (၆၅/၂မိုင်)၊   ဟားခါး-ဟာသာ-မှန်တောလမ်း    (၆၃/၄မိုင်)   တို့ကိုလည်း  အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ   ချင်းပြည် နယ် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ ပါသည်။  ချင်းပြည်နယ်နှင့်  တိုင်းဒေသကြီး/ပြည်နယ်များနှင့် ဆက်သွယ်သည့်လမ်းများ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ချင်းပြည်နယ်ရှိ ဒေသခံတိုင်းရင်းသား များ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာ တော့မည်ဖြစ်ပါသည်။

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုရန်

အပိုင်း(၃)ကို ဆက်လက်ဖတ်ရှုရန်