မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲများကစားခွင့်ရရန် ကြိုးပမ်းနေ

23-Nov-2020

ရန်ကုန် နိုဝင်ဘာ ၂၂

လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲ များယှဉ်ပြိုင်ကစားရမည့် မြန်မာ့ လက်ရွေးစင်အသင်းသည် နိုင်ငံ တကာခြေစမ်းပွဲများ ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ၂၀၂၁ ခုနှစ် မတ်လမှ ဇွန်လအထိ နိုင်ငံတကာ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နှစ်စဉ် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသော်လည်း ယခုနှစ် တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေ အနေကြောင့် ခြေစမ်းပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများလည်း ယှဉ်ပြိုင် ကစားနိုင်ခြင်း မရှိသေးပေ။ မြန်မာ့ လက်ရွေးစင်အသင်းသည် ၂၀၂၁ ခုနှစ် မတ်လမှစတင်ကာ နိုင်ငံတကာ ပြိုင်ပွဲများ စတင်ကစားရမည်ဖြစ် သောကြောင့် နိုင်ငံတကာခြေစမ်းပွဲ များကစားခွင့်ရရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားခွင့်ရရန် ကြိုးပမ်း လျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ကြောင့် အခက်အခဲများ ရှိနေသော် လည်း ကစားခွင့်ရရန် ဆောင်ရွက် လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ် နိုဝင်ဘာ ၆ ရက် တွင် ဂျော်ဒန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားခွင့်ရရန် သဘော တူညီမှုရခဲ့သော်လည်း ကပ်ရောဂါ အခြေအနေကြောင့် ဖျက်သိမ်းခဲ့ရ ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် မတ်လနောက်ဆုံးပတ် နှင့် ဇွန်လ ဒုတိယပတ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲများ၊ ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတ်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ၊ ဇွန်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲ ပါဝင်နေ သည်။ မြန်မာအသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ပွဲကစားပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာ နိုင်ငံတကာပွဲများကစားရခြင်းမရှိတော့ပေ။ မြန်မာ့ လက်ရွေးစင်အသင်းသည် နောက်ဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၇ ရက်က နီပေါ လက်ရွေးစင်အသင်းနှင့် မန္တလာသီရိ ကွင်း၌ ခြေစမ်းကစားခဲ့ရာ သုံးဂိုးပြတ် အနိုင်ရရှိထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲကစားခွင့်ရရန် အာရှဒေသ တွင်းမှ လက်ရွေးစင်အသင်းများကို ဖိတ်ကြားမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ညီမြတ်သော်တာ