လသာမြို့နယ် မဲဆန္ဒနယ်သုံးခုမှာ NLD မဲအပြတ်အသတ် အနိုင်ရ

09-Nov-2020

ရန်ကုန်တိုင်း၊ လသာမြို့နယ် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ဒီနေ့ ညနေမှာ ကြေညာခဲ့ပါတယ်။

လသာမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော် ရှိပြီး ၁၁၀၀၀ ကျော် မဲပေးခဲ့ကြပါတယ်။ အဲဒီထဲမှာ ခိုင်လုံမဲ ၁၀၉၀၀ ကျော် ရှိခဲ့ပါတယ်။

အဲဒီထဲမှာ လသာမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဒေါ်ခင်မို့မို့အောင်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မှာ ဒေါ်ယဉ်ယဉ်မြင့် နဲ့ တိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) မှာ ဒေါ်အေးမြမြမျိုး တို့ ရွေးကောက်တင်မြှောက်ခံရပါတယ်။ လက်ရှိမှာလည်း သူတို့ သုံးဦးလုံးဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ဒေါ်အေးမြမြမျိုးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အောင်နိုင်ခဲ့ပြီး ၂၀၂၀ မှာတော့ လသာမြို့နယ် တိုင်းလွှတ်တော်နေရာကို ပြောင်းရွှေ့ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ်ယဉ်ယဉ်မြင့်ကလည်း လက်ရှိမှာ အလုံမြို့နယ် တိုင်းလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကဖြစ်ပြီး ၂၀၂၀ မှာ လသာမြို့နယ်ကနေ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ်ခင်မို့မို့အောင်ကတော့ လက်ရှိမှာလည်း လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ရဲ့ပွဲရဲ့ ရန်ကုန်တိုင်းအတွင်းက ရလဒ်တွေကို ဒီနေ့နဲ့ မနက်ဖြန်မှာ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးသွားမှာဖြစ်ပါတယ်။

Crd RFA

ကြံခင်းမှာ လွှတ်တော်နေရာအားလုံး NLD အနိုင်ရ

ပုဗ္ဗသီရိမှာ NLD အနိုင်ရတယ်လို့ မြို့နယ်ကော်မရှင် အတည်ပြု

မော်လမြိုင်က မဲဆန္ဒနယ် ငါးနေရာလုံး NLD ပြန်နိုင်