ဗြိတိန်၌ ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးစံချိန်သစ်ရောက်ရှိ

14-Nov-2020

လန်ဒန် နိုဝင်ဘာ ၁၃

ဗြိတိန်၌ နိုဝင်ဘာ ၁၂ ရက်တွင် ကိုဗစ်- ၁၉ ထပ်မံကူးစက်ခံရသူ ၃၃၄၇၀ ရှိခဲ့ရာ နိုင်ငံအတွင်း ကပ်ရောဂါစတင် ကူးစက်ဖြစ်ပွားခဲ့ချိန်မှစတင်ကာ ရောဂါကူးစက်မှု အများဆုံးနေ့တစ်နေ့အဖြစ် စံချိန်တင်ရောက်ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဗြိတိန်တစ်နိုင်ငံလုံးရှိ ကိုဗစ်- ၁၉ ကူးစက်ခံရသူ အရေအတွက် စုစုပေါင်းမှာ ယခုအခါ ၁၂၉၀၁၉၅ ဦး ရှိသွား ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်က ရောဂါထပ်မံကူးစက်ခံရသူ ၂၂၉၅၀ စစ်ဆေးတွေ့ရှိခဲ့ကာ ရောဂါကြောင့် ထပ်မံ သေဆုံးသူ ၅၉၅ ဦး ထပ်တိုးကြောင်း ကြေညာခဲ့သည်။

အဆိုပါ သေဆုံးသူအရေအတွက်သည် ပြီးခဲ့သည့် မေ ၁၂ ရက်မှ စတင်ကာ သေဆုံးမှုအများဆုံးပမာဏဖြစ်ပြီး တစ်နိုင်ငံလုံး သေဆုံးသူ စုစုပေါင်း ၅၀၃၆၅ ဦးအထိ ရောက်ရှိလာစေခဲ့သည်။

ဗြိတိန်ပြည်သူ့ကျန်းမာရေးဌာနမှ အပတ်စဉ်စစ်တမ်း ကောက်ယူမှုနောက်ဆုံးရ အချက်အလက်များအရ အသက် ၂ဝ မှ ၂၉ နှစ်အတွင်း ကိုဗစ်- ၁၉ ကူးစက်ခံရသည့် လူနာ များအတွင်း သေဆုံးမှုနှုန်း ဆက်လက်တိုးလာနေကြောင်း သိရသည်။

ဆင်ဟွာ