လဟယ်မြို့တွင် နန့်စလိန်ကွန်ကရစ်ကြိုးတံတားတည်ဆောက်နေ

09-Oct-2020

လဟယ် အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နန့်စလိန်ကြိုးတံတားတစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတား အထူးအဖွဲ့ (၂)က တာဝန်ယူ၍ တည်ဆောက်လျက်ရှိပြီး တံတားအရှည်ပေ ၂၅၀ ကို ၂၀၁၉ ခုနှစ်က ဆောက်လုပ ရေးဝန်ကြီးဌာနက တည်ဆောက်ဖွင့်လှစ်ပေးခဲ့ဖူးသည်ဟု သိရသည်။

ယခုကြိုးတံတားကို ခန္တီး၊ ဆင်သေ၊ လဟယ်လမ်းပိုင်း မိုင်တိုင်အမှတ် (၂၄/၅-၂၄/၆) ကြားတွင် တည်ရှိသော နန့်စလိန် ကြိုးတံတားဟောင်းတည်ရှိရာဘေးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး အရှည်ပေ ၃၃၀ သံမဏိ၊ သံပြား၊ ရက်မ နှစ်လမ်းသွားကားလမ်းပါသော ကွန်ကရစ်အမျိုး အစားဖြစ်သည်။ စီမံကိန်းတံတားတန်ဖိုးမှာ ငွေကျပ်သန်း ၁၆၀၀ ဖြစ်ပြီး ယခုအခါ တံတားတစ်စင်းလုံးတည်ဆောက် ခြင်းလုပ်ငန်းမှာ ၅၆ ရာခိုင်နှုန်းပြီးနေပြီဖြစ်သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၄၃၁၄ ပေရှိပြီး လူဦးရေမှာ မြို့ပေါ်နေထိုင်သူ ၅၁၁၅ ဦး၊ ကျေးလက်နေ ၅၁၄၀၇ ဦး ရှိသည်။ နန့်စလိန်တံတားကြီး ပြီးစီးသွားပါက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အပါအဝင်နာဂတောင်တန်းဒေသကြီး တစ်ခုလုံးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသခံတိုင်းရင်းသားတို့၏ လူမှုစီးပွား ဘဝများ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။

ခရမ်းစိုးမြင့်