ဦးခေါင်း အဆမတန်ကြီးထွားနေသည့် ကလေးငယ် ရန်ကုန်သို့ ဆေးကုသရန် ရောက်ရှိနေ

29-Dec-2020

ဦးခေါင်းအဆမတန်ကြီးထွားခြင်း ရောဂါကို ခံစားနေရတဲ့ ကလေးငယ် ရင်ပြည်နယ်က စောလား ဖောင်ထွဋ် ဟာ ဆေးကုသဖို့အတွက် ရန်ကုန်၊ ရန်ကင်း ကလေးဆေးရုံကြီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြလေး ကျေးရွာအုပ်စု၊ အလင်းကြီးကျေးရွာက အသက် ၁၀ လသားအရွယ်၊ စောလားဖောင်ထွဋ်ဟာ မွေးဖွားပြီး ၄ လ အကြာမှာ ဦးခေါင်းအဆမတန်ကြီးလာတဲ့အတွက် ရပ်ရွာနဲ့ မြို့နယ်တွေ ကူညီမူများ ပေးခဲ့ရပါတယ်။

လှိုင်းဘွဲ့မြို့နယ် ပြန်ဆက်ဦးစီးမှုး ဒေါ်ခင်စန်းမြင့်က သတင်းကြားပြီးနောက် ချက်ခြင်း ကူညီမူတွေ ပေးခဲ့သလို ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ ချိတ်ဆက်ပြီး ရန်ကုန် ရန်ကင်းကလေးဆေးရုံကြီးကို ပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့၊ ညနေပိုင်းမှာ ရန်ကုန် ရန်ကင်းကလေးဆေးရုံကိုရောက် ရှိခဲ့တာ ဖြစ်ပါတယ်။

စောလားဖောင်ထွဋ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ သိရှိလိုသူများ၊ အကူ အညီပေးလို သူများ ဒေါ်ခင်စန်းမြင့် ဖုန်း  ၀၉ ၆၆၁၁၃၇၂၀၀ သို့ဆက်သွယ်မေးမြန်းနိုင်​တယ်လို့ သိရပါတယ်။

#စောလားဖောင်ထွဋ်

#MTK Channel