လေးမျက်နှာမြို့ အောင်သိဒ္ဒိစေတီ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် ပျက်စီး

12-Dec-2020

လေးမျက်နှာ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ရှေးဟောင်း သမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီး၌ မိုးအခါ မြစ်ရေတိုက်စားခြင်းနှင့် ရေကျချိန်ကာလများတွင် နုန်းနွံ များကြောင့် စေတီတော်အနီးတစ်ဝိုက် မြစ်ကမ်းပါးပြိုကျ လျက်ရှိသည်။

လက်ရှိတွင် စေတီတော်ကြီး၏ မြောက်ဘက်မုခ် အတွင်းရှိ ယခင်ဘုရားကြီးကျောင်းတိုက်ဝင်း၌ ရှိသော အောင်သိဒ္ဒိစေတီတော်သည် ယနေ့နံနက်ပိုင်းက ငဝန်မြစ် ကမ်းထိန်းကျောက်ရိုးများ ပြိုကျခဲ့သဖြင့် မြစ်ထဲသို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ညဏ်လင်းဦး(လေးမျက်နှာ)