အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုအခြေအနေပိုဆိုးလျက်ရှိ

16-Nov-2020

နယူးဒေလီ နိုဝင်ဘာ ၁၅

အိန္ဒိယနိုင်ငံတွင် ပြည်သူများသည် ဒီပါ ဝလီပွဲတော်နေ့ရက်၌ တားမြစ်ထား သည့်စည်းကမ်းများကို လိုက်နာခြင်း မရှိဘဲ မီးရှူးမီးပန်းပစ်ဖောက်မှုများ ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၄ ရက်ညက မြို့တော်နယူးဒေလီနှင့် အနီးအနား ဧရိယာများတွင် လေထုညစ်ညမ်းမှု အခြေအနေများ ပိုမိုဆိုးရွားခဲ့ကြောင်း သိရသည်။

မြို့တော်နယူးဒေလီ၌ လေထု အရည်အသွေး အညွှန်းကိန်းဖော်ပြ ချက်အရ PM 2.5 ခေါ် လေထုအတွင်း ညစ်ညမ်းမှုဖြစ်စေသည့် အမှုန်များ ပါဝင်မှုမှာ ၅၅၀ နီးပါးဖြစ်ကြောင်း လေထုအရည်အသွေးနှင့် မိုးလေဝသ ခန့်မှန်းတွက်ချက်မှုဆိုင်ရာ သုတေ သနအဖွဲ့က နောက်ဆုံးဖော်ပြခဲ့သည့် အချက်အလက်များအရ သိရသည်။

ဒေလီ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးကော်မတီက ဖော်ပြ သည့်အချက်အလက်အရ နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ လေထုအရည်အသွေးသည် PM 2.5 ပါဝင်မှု ၅၀၀ ခန့်ဖြစ်ပြီး PM 10 ပါဝင်မှု ၆၃၀ အထက်ရှိကြောင်း သိရသည်။

PM 2.5 ပါဝင်မှု ၄၀၁ နှင့် ၅၀၀ အကြားရှိနေသည့် လေထုအရည် အသွေးကို ပြင်းထန်သည့် လေထု ညစ်ညမ်းမှုအဆင့် သတ်မှတ်ထားပြီး ယင်းအခြေအနေတွင် အသက် ရှူစနစ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်သည့်အတွက် ပြည်သူများ အတွက် ကျန်းမာရေးဆိုင်ရာ လမ်း ညွှန်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ ဆင်ဟွာ