နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးကို လုံခြုံရေးတင်းကြပ်ထား

11-Nov-2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြတာတွေပေါ်ပေါက်ခဲ့တာကြောင့် ကော်မရှင်ရုံး တဝိုက်ကို လုံခြုံရေးတင်းကြပ်ချထားတာကို ညနေ(၅)နာရီခွဲခန့်က မြင်တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်နောက်ဆုံးအခြေအနေတွေကို သတင်းစာရှင်းလင်းနေစဉ် တချိန်တည်းမှာပဲ ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီထောက်ခံသူတွေ အပါအဝင် အင်အား (၃၀) ခန့်ကော်မရှင်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

Photo - Thet Su Aung/RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။