၂၀၂၀ ရွေးကောက်ပွဲရလဒ်

10-Nov-2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ၁၅ မိနစ်အထိ ထုတ်ပြန်ချက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၆ နေရာ၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၃ နေရာ အနိုင်ရရှိထားပါတယ်။

တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် NLD ပါတီက ကယားပြည်နယ်မှာ ကိုယ်စားလှယ် ၂ နေရာ၊ ချင်းပြည်နယ်မှာ ၂ နေရာ၊ တနင်္သာရီတိုင်းမှာ ၂ နေရာ၊ ပဲခူးတိုင်းမှာ ၄ နေရာ၊ မန္တလေးတိုင်းမှာ ၂ နေရာ၊ ရန်ကုန်တိုင်းမှာ ၂ နေရာ၊ ဧရာဝတီတိုင်းမှာ ၂ နေရာ ရရှိထားပါတယ်။

NLD ပါတီရဲ့ ထုတ်ပြန်ချက်အရတော့ NLD ပါတီက ပြည်သူ့လွှတ်တော်မှာ ၅၈ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာ အနိုင်ရရှိပြီလို့ NLD 2020 Election Dashboard စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Crd RFA