ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးဆောင်ရန် ဘိုးရင်းကုမ္ပဏီက သဘောတူ

09-Jan-2021

ချီကာဂို ဇန်နဝါရီ ၈

လူပေါင်းများစွာကို သေစေခဲ့သော 737- MAX လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး ရာဇဝတ်မှုတရားစွဲဆို မှုများကို ဖြေရှင်းရန်အတွက် ဘိုးရင်း ကုမ္ပဏီက ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးဆောင်ရန် သဘောတူ ထားပြီးဖြစ်သည်ဟု အမေရိကန် တရားရေးဌာနက ပြောသည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့၌ အင်ဒိုနီးရှားနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံတို့တွင် ပျက်ကျခဲ့သည့် လေယာဉ်ပျက်ကျမှုများတွင် လူပေါင်း ၃၄၆ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဘိုရင်းကုမ္ပဏီသည် လေယာဉ်ကို တည်ငြိမ်အောင်လုပ်သည့်စနစ်တွင် ချွတ်ယွင်းချက်ရှိသည်ကို သတိပြုမိ သော်လည်း အာဏာပိုင်များထံ တင်ပြ ရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် လွှတ်တော်က အစီရင်ခံခဲ့သည်။

ထို့အတွက် ဒဏ်ကြေးငွေ ၂ ဒသမ ၅ ဘီလီယံ ပေးဆောင်ရန် ဘိုးရင်း ကုမ္ပဏီက သဘောတူပြီးဖြစ်ကြောင်း၊ ယင်းငွေကြေးများထဲမှ သေဆုံးသူများ ၏ မိသားစုဝင်များကို နစ်နာကြေး ပေးသွားမည်ဖြစ်ကြောင်း အမေရိကန် တရားရေးဌာနက ပြောသည်။ လေယာဉ်ထုတ်လုပ်မှု ကြီးကြပ် စစ်ဆေးသူများထံ ပွင့်လင်းမြင်သာစွာ အသိပေးရမည့်ဝတ္တရားမှာ မည်မျှ အရေးကြီးသည်ကို ယခုဖြစ်ရပ်က သတိပေးလျက်ရှိသည်ဟု ဘိုးရင်း ကုမ္ပဏီစီအီးအို ဒေးဗစ်ကယ်ဟွန်းက ဝန်ထမ်းများကို ပြောကြားခဲ့သည်။

737 - MAX လေယာဉ်ပြေးဆွဲမှုကို နှစ်နှစ်နီးပါးကြာ ရပ်နားထားရပြီး နောက် လွန်ခဲ့သည့်လအတွင်းက ပြန်လည်စတင်ခွင့်ပေးခဲ့သည်။

အင်န်အိတ်ချ်ကေ